စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်
အမှတ်စဉ်(၁၀၂)
ဒါကြောင့် မိမိတို့လို မုတ်သုံရာသီဥတုနဲ့ ဘင်္ဂလားပင်လယ်အော်မုန်တိုင်းတွေ နှစ်စဉ် အနည်းဆုံးရှစ်ကြိမ်ခန့် ဝင်ရောက်တတ်တဲ့ နိုင်ငံရဲ့ပင်လယ်ကမ်းရိုးတန်းတွေမှာသုံးဖို့ အခက်အခဲရှိပါတယ်။ သို့သော် ဓာတ်အားစနစ် မရောက်နိုင်သေးတဲ့ဒေသတွေ သို့မဟုတ် နေရောင်ခြည်ရရှိမှုနည်းတဲ့ဒေသတွေမှာ အသင့်အတင့်အမြင့်မှာ သင့်လျော်တဲ့အင်အားနဲ့ တပ်ဆင်သုံးသင့်ပါတယ်။ ဥပမာ-ပူတာအို၊ မချမ်းဘော့၊ နောင်မွန်း၊ ဆောလော်၊ ချင်းပြည်နယ်ထဲက တောင်ပေါ်မြို့တွေမှာ အလွန်သင့်လျော်ပါတယ်။ ကျေးရွာအဆင့်၊ မြို့အဆင့်ဆိုပြီး Wind Farm ကို လိုသလောက်အရေအတွက် တိုးချဲ့တပ်ဆင်သွားလို့ရတဲ့အတွက် ငွေကြေးရင်းနှီးနိုင်သလောက် နှစ်စဉ် တိုးချဲ့တည်ဆောက်လို့ရပါတယ်။ ဓာတ်အားထုတ်လုပ်မှုစရိတ်ကတော့ နိုင်ငံအလိုက်၊ နေရာအလိုက် 13 UScent / Kilowatt-hour အထိ ဈေးနှုန်းရှိပါလိမ့်မယ်။
ဖော်ပြခဲ့တာတွေကတော့ လျှပ်စစ်ဓာတ်အားရချင်ရင် ဘာနဲ့လုပ်လုပ် ရပါတယ်။ မြန်မြန်ရဖို့အဓိက၊ ပတ်ဝန်းကျင်မထိခိုက်ဖို့က အဓိကဆိုတာ ထက် ဘက်စုံစဉ်းစားဆောင်ရွက်ဖို့က အဓိကလို့ပဲဆိုရမှာပါ။
အခန်း( ၂၅ )
နိုင်ငံတကာဓာတ်အားထုတ်လုပ်မှုအရင်းအမြစ် ရောစပ်မှုအချိုးများ
နိုင်ငံအလိုက် ဓာတ်အားထုတ်လုပ်မှုအရင်းအမြစ် ရောစပ်ပုံချင်း မတူညီကြပါဘူး။ ကိုယ့်နိုင်ငံနဲ့ကိုယ် ဆီလျော်သလိုလုပ်ကြတာပါ။ ဒါပေမဲ့ တစ်ကမ္ဘာလုံးမှာ တူညီတဲ့အချက်ကတော့ ဓာတ်အားခဈေးနှုန်း သက်သာမယ့်အချိုးကို ဦးစားပေးပြီး ရောစပ်ကြခြင်းပါပဲ။ နိုင်ငံအလိုက် နမူနာတချို့ကို ဖော်ပြပါမယ်။
(Source; World Energy Outlook 2017.IEA)
အမေရိကန်နိုင်ငံ
ဓာတ်အားထုတ်လုပ်မှုအရင်းအမြစ်ရောစပ်မှုအချိုး (၂၀၁၆ ခုနှစ်)
အရင်းအမြစ် ပါဝင်မှုအချိုး (%) ထုတ်လုပ်မှု (TWh)
ကျောက်မီးသွေး ၃၁ ၁၃၂၄
လောင်စာဆီ - ၃၃
သဘာဝဓာတ်ငွေ့ ၃၄ ၁၄၄၇
နျူကလီးယား ၂၀ ၈၃၉
ရေအား ၆ ၂၆၈
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ ၉ ၃၈၇
စုစုပေါင်း ၄၂၉၈
(ကာဗွန်ဒိုင်အောက်ဆိုဒ် ဒုတိယအများဆုံးထုတ်လွှတ်သောနိုင်ငံ)
- ဓာတ်အားခ (၂၀၁၂ ခုနှစ်)
- ပြည်တွင်းကုန်းပေါ် 8 UScent/KWh
- ပင်လယ်ကျွန်း 17 UScent/KWh
တရုတ်နိုင်ငံ
ဓာတ်အားထုတ်လုပ်မှုအရင်းအမြစ်ရောစပ်မှုအချိုး (၂၀၁၆ ခုနှစ်)
အရင်းအမြစ် ပါဝင်မှုအချိုး (%) ထုတ်လုပ်မှု (TWh)
ကျောက်မီးသွေး ၆၇ ၄၀၈၀
လောင်စာဆီ - ၁၀
သဘာဝဓာတ်ငွေ့ ၃ ၁၉၈
နျူကလီးယား ၄ ၂၁၃
ရေအား ၂၀ ၁၁၉၁
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ ၆ ၃၈၆
စုစုပေါင်း ၆၀၇၈
(ကာဗွန်ဒိုင်အောက်ဆိုဒ် အများဆုံးထုတ်လွှတ်သောနိုင်ငံ)
- ဓာတ်အားခဈေးနှုန်း (၂၀၁၈ ခုနှစ်) 5 to 5.5 UScent / KWh
ရုရှားနိုင်ငံ
ဓာတ်အားထုတ်လုပ်မှုအရင်းအမြစ်ရောစပ်မှုအချိုး (၂၀၁၆ ခုနှစ်)
အရင်းအမြစ် ပါဝင်မှုအချိုး (%) ထုတ်လုပ်မှု (TWh)
ကျောက်မီးသွေး ၁၃ ၁၄၅
လောင်စာဆီ ၁ ၈
သဘာဝဓာတ်ငွေ့ ၅၀ ၅၃၆
နျူကလီးယား ၁၈ ၁၉၇
ရေအား ၁၇ ၁၈၆
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ ဝ ၇
စုစုပေါင်း ၁၀၇၉
(ကာဗွန်ဒိုင်အောက်ဆိုဒ် တတိယအများဆုံးထုတ်လွှတ်သောနိုင်ငံ)
- ဓာတ်အားခဈေးနှုန်း (၂၀၁၅ ခုနှစ်) 2.4 to 14 UScent / KWh
အိန္ဒိယနိုင်ငံ
ဓာတ်အားထုတ်လုပ်မှုအရင်းအမြစ်ရောစပ်မှုအချိုး (၂၀၁၆ ခုနှစ်)
အရင်းအမြစ် ပါဝင်မှုအချိုး (%) ထုတ်လုပ်မှု (TWh)
ကျောက်မီးသွေး ၇၆ ၁၁၂၃
လောင်စာဆီ ၂ ၂၃
သဘာဝဓာတ်ငွေ့ ၅ ၇၅
နျူကလီးယား ၃ ၃၅
ရေအား ၉ ၁၃၃
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ ၆ ၈၄
စုစုပေါင်း ၁၄၇၃
(ကာဗွန်ဒိုင်အောက်ဆိုဒ် စတုတ္ထအများဆုံးထုတ်လွှတ်သောနိုင်ငံ)
- ဓာတ်အားခဈေးနှုန်း (၂၀၁၄ - မတ်လ) ပျမ်းမျှ 7 UScent / KWh
မလေးရှားနိုင်ငံ (ပြည်မ + ဆာရာဝပ်)
အရင်းအမြစ်အလိုက် တပ်ဆင်အင်အားရောစပ်မှုအချိုး (၂၀၁၅ ခုနှစ်)
အရင်းအမြစ် ပါဝင်မှုအချိုး (%) ထုတ်လုပ်မှု (MW)
ကျောက်မီးသွေး ၃၃ ၉၆၈၆
လောင်စာဆီ ၂ ၅၈၇
သဘာဝဓာတ်ငွေ့ ၄၇ ၁၃၇၁၀
နျူကလီးယား ၁၈ ၅၃၅၅
ရေအား - ၈၁
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ - ဝ.၂
စုစုပေါင်း ၂၉၄၁၉.၂
(မြန်မာနိုင်ငံထက် ကာဗွန်ဒိုင်အောက်ဆိုဒ် ၅ ဆ ထုတ်လွှတ်နေသောနိုင်ငံ)
မလေးရှားအစိုးရက နှစ်စဉ် ဘတ်ဂျက်ဥပဒေနဲ့ နိုင်ငံတော်ရန်ပုံငွေကနေ ဒေါ်လာသန်းရာချီပြီး ပြည်သူတွေကို ဓာတ်အားခ စိုက်ထုတ်ကျခံပြီး ချီးမြှင့်ပါတယ်။ တစ်နိုင်ငံလုံး ဓာတ်အား ၁၀၀ ရာခိုင်နှုန်း ဖြန့်ကြက်နိုင်ပြီးဖြစ်ပါတယ်။
ထိုင်းနိုင်ငံ
အရင်းအမြစ်အလိုက် တပ်ဆင်အင်အားရောစပ်မှုအချိုး (၂၀၁၅ ခုနှစ်)
အရင်းအမြစ် ပါဝင်မှုအချိုး (%) တင်ဆင်အင်အား (MW)
ကျောက်မီးသွေး ၂၀ ၈၃၄၀
လောင်စာဆီ ၁ ၄၁၇
သဘာဝဓာတ်ငွေ့ ၆၄ ၂၆၇၁၀
ရေအား ၇ ၂၉၂၀
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ - ၂၉၂၀
စုစုပေါင်း ၄၁၃၀၇
ဆက်လက်ဖော်ပြပါမည်။