တနင်္သာရီတိုင်းဒေသကြီးမှ ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုတွင် အမေရိကန်ဒေါ်လာ ၂၆၂ သန်းကျော်ရရှိပြီးဖြစ်

တနင်္သာရီတိုင်းဒေသကြီးမှ ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုတွင် အမေရိကန်ဒေါ်လာ ၂၆၂ သန်းကျော်ရရှိပြီးဖြစ်

ထားဝယ်၊ ပို့ကုန်

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း တနင်္သာရီတိုင်းဒေသကြီးမှ ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုတွင် အမေရိကန်ဒေါ်လာ ၂၆၂   သန်းကျော်  ရရှိပြီးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ သိရသည်။

“တနင်္သာရီတိုင်းဒေသကြီးကနေ ပြည်ပ ကို ရေထွက်ကုန်တိုက်ရိုက်တင်ပို့တဲ့ အပြင် ရန်ကုန်မြို့ကနေလည်း တစ်ဆင့်တင်ပို့ပါတယ်။ ပြည်ပတင်ပို့မှုအနေနဲ့ ရေထွက်ကုန်တန်ချိန် ၂၃၀၈၇၈ ဒသမ ၀၈၁ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၆၂ ဒသမ ၃၄၄ သန်းရရှိ ပါတယ်” ဟု  ၎င်းကပြော သည်။

တနင်္သာရီတိုင်းဒေသကြီးမှ ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၂၀၂၂  ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၃ ခုနှစ် မတ်  ၃၁  ရက်အထိ တစ်နှစ်တာကာလအတွင်း ပြည်ပသို့ တိုက် ရိုက်တင်ပို့မှုအနေဖြင့် ရေထွက်ကုန်တန်ချိန် ၂၂၇၆၇၁ ဒသမ  ၉၃၁  တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၄၀ ဒသမ ၆၆၈ သန်းရရှိခဲ့ကြောင်း၊ ရန်ကုန်မြို့မှတစ်ဆင့် ပြည်ပသို့တင်ပို့မှုအနေဖြင့် ရေထွက် ကုန်တန်ချိန် ၃၂၀၆ ဒသမ ၁၅ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၆၇၆ သန်းရရှိခဲ့ရာ စုစုပေါင်း  ရေထွက်ကုန် တန်ချိန်  ၂၃၀၈၇၈ ဒသမ  ၀၈၁ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၆၂ ဒသမ  ၃၄၄ သန်း ရရှိကြောင်း သိရသည်။

ပြည်ပနိုင်ငံများသို့ ရေထွက်ကုန်တင်ပို့ ရာ၌  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်  ၂၀၂၂ ခုနှစ်  ဧပြီလတွင်  ရေထွက်ကုန်တန်ချိန် ၂၂၉၉၂ ဒသမ ၉၉ တန်တင်ပို့ပြီး  အမေ ရိကန်ဒေါ်လာ ၂၁ ဒသမ ၄၃၂ သန်း၊ မေလတွင်  ရေထွက်ကုန်တန်ချိန်  ၂၂၀၆ ဒသမ ၁၉၃  တန်တင်ပို့ပြီး  အမေရိကန် ဒေါ်လာ ၄ ဒသမ ၂၅၈ သန်း၊  ဇွန်လ တွင်  ရေထွက်ကုန်တန်ချိန်  ၉၁၃၅ ဒသမ ၄၆၁ တန်တင်ပို့ပြီး  အမေရိကန်ဒေါ်လာ  ၁၃  ဒသမ ၂၉၁ သန်း၊ ဇူလိုင်လတွင် ရေထွက်ကုန်တန်ချိန် ၁၅၃၉၃ ဒသမ  ၈၅၄ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ   ၁၉ ဒသမ ၃၆၂ သန်း၊ သြဂုတ်လတွင် ရေထွက် ကုန်တန်ချိန် ၁၈၉၈၅  ဒသမ ၀၀၆ တန်တင် ပို့ပြီး  အမေရိကန်ဒေါ်လာ  ၂၃ ဒသမ ၁၂၈ သန်း ၊ စက်တင်ဘာလတွင် ရေထွက် ကုန်တန်ချိန် ၂၂၃၇၄ ဒသမ ၈၅၈ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၅  ဒသမ ၄၅၈ သန်း၊ အောက်တိုဘာလတွင် ရေထွက် ကုန်တန်ချိန် ၂၁၉၂၃ ဒသမ ၆၆၃ တန် တင်ပို့ပြီး  အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၁၄၄ သန်း၊ နိုဝင်ဘာလတွင် ရေထွက် ကုန်တန်ချိန် ၂၃၁၀၈  ဒသမ ၅၅၁ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၆၅၆ သန်း၊ ဒီဇင်ဘာလတွင်  ရေထွက် ကုန်တန်ချိန် ၁၉၃၂၇ ဒသမ ၀၃ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၆၄  သန်းရရှိခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ လတွင်  ရေထွက်ကုန်တန်ချိန်  ၂၃၈၄၆ ဒသမ ၈၂၆ တန်တင်ပို့ပြီး  အမေရိကန် ဒေါ်လာ ၂၈ ဒသမ ၁၂၉ သန်း၊ ဖေဖော် ဝါရီလတွင် ရေထွက်ကုန်တန်ချိန် ၂၂၁၃၁ ဒသမ  ၀၁ တန်တင်ပို့ပြီး အမေရိကန် ဒေါ်လာ ၂၃ ဒသမ ၆၉၁ သန်းနှင့် မတ်လ တွင် ရေထွက်ကုန်တန်ချိန် ၂၉၄၅၂ ဒသမ ၆၃၉ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ  ၃၀ ဒသမ ၁၅၅ သန်းရရှိခဲ့ကြောင်း သိရ သည်။ 

စောယု

Additional uncaught exception thrown while handling exception.

Original

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: SELECT 1 AS expression FROM {variable} variable WHERE ( (name = :db_condition_placeholder_0) ); Array ( [:db_condition_placeholder_0] => cron_last ) in variable_set() (line 1258 of /home/mwd/web/myawady.net.mm/public_html/includes/bootstrap.inc).

Additional

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: SELECT * FROM {fontyourface_font} WHERE enabled = 1 AND css_selector != '' ORDER BY name ASC; Array ( ) in fontyourface_get_fonts() (line 264 of /home/mwd/web/myawady.net.mm/public_html/sites/all/modules/fontyourface/fontyourface.module).


Uncaught exception thrown in shutdown function.

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: DELETE FROM {semaphore} WHERE (value = :db_condition_placeholder_0) ; Array ( [:db_condition_placeholder_0] => 1965734374680495fc2ebbb6.78894089 ) in lock_release_all() (line 269 of /home/mwd/web/myawady.net.mm/public_html/includes/lock.inc).