ပေကျင်း၊ စစ်ရေး
တရုတ်စစ်ဘက်က ပြင်းထန်သောစစ်ရေးလေ့ကျင့်ခန်းများလုပ်ဆောင်ရန်စီစဉ်ထား
တရုတ်နိုင်ငံက တရုတ်(တိုင်ပေ)၊ အမေရိကန်တို့နှင့် ဆက်ဆံရေးတင်းမာနေစဉ် တရုတ်စစ်ဘက်က ပြင်းထန်သော စစ်ရေး လေ့ကျင့်ခန်းများကို လုပ်ဆောင်ရန်စီစဉ်ထားကြောင်း သိရသည်။
တရုတ်စစ်ဘက်သည် အနည်းဆုံးစစ်ရေးလေ့ကျင့်ခန်းငါးခုကို တောင်တရုတ်ပင်လယ်နှင့် အခြားသော ကမ်းလွန်ပင်လယ်များ အပါအဝင် မတူညီသော နေရာဒေသများ၌ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
တရားဝင်ထုတ်ပြန်ကြေညာထားသော စစ်ရေးလေ့ကျင့်ခန်းများအနက် တစ်ခုကိုတရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၏ ပင်မရေတပ်စခန်းဌာနချုပ်တည်ရှိရာ ကျင်းတောင်ဆိပ်ကမ်းမြို့၏ ကမ်းလွန်၌ သုံးရက်ကြာလုပ်ဆောင်သွားမည်ဖြစ်သည်။
တရုတ်(တိုင်ပေ)ခေါင်းဆောင် ဆိုင်ယင်းဝမ်က ယခုလအစောပိုင်းတွင် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင်မက္ကာသီနှင့် ကယ်လီဖိုးနီးယားပြည်နယ်၌ တွေ့ဆုံခဲ့ပြီးနောက် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ပိုမိုတင်းမာလာခြင်းဖြစ်သည်။
တောင်တရုတ်ပင်လယ်အတွင်း လုပ်ဆောင်မည့် စစ်ရေးလေ့ကျင့်ခန်းတစ်ခုမှာမူ အမေရိကန်-ဖိလစ်ပိုင် အကြီးစားပူးတွဲ စစ်ရေး လေ့ကျင့်ခန်းမလုပ်မီ ဆောင်ရွက်ခြင်းဖြစ်သည်။
ယခုရက်ပိုင်းအတွင်း အမေရိကန်နှင့် ဖိလစ်ပိုင်တို့ကြား စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုပိုမိုခိုင်မာလာပြီး ပိုင်နက်အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်အတွင်း ပူးတွဲကင်းလှည့်ရန်ပင် စီစဉ်ထားကြောင်း သိရသည်။
Ref: TST
