မော်စကို၊ ပြည်တွင်းရေး
ပြီးခဲ့သည့်နှစ်အတွင်း ရုရှားဘီလျံနာများ၏ပိုင်ဆိုင်မှု ဒေါ်လာ ၁၅၂ ဘီလီယံတိုးလာ
ပြီးခဲ့သည့်နှစ်အတွင်း ရုရှားနိုင်ငံရှိ ဘီလျံနာများ၏ ပိုင်ဆိုင်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၅၂ ဘီလီယံတိုးလာကြောင်း Forbes Russia မဂ္ဂဇင်းက ဖော်ပြထားသည်။
အဆိုပါဘီလျံနာများသည် ရုရှား၏ ယူကရိန်းအထူးစစ်ဆင်ရေး စတင်ချိန်တွင် ဆုံးရှုံးမှုအနည်းငယ်ရှိခဲ့သော်လည်း များမကြာမီ အချိန်တွင် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းများ မြင့်တက်မှုကြောင့် ၎င်းတို့၏ ပိုင်ဆိုင်မှုသည်လည်း တိုးမြင့်လာရခြင်း ဖြစ်သည်။
ထို့ပြင် ယခုနှစ်ထုတ်ပြန်ချက်တွင် ရုရှားနိုင်ငံ၌ ဘီလျံနာအယောက် ၁၁၀ အထိရှိလာကာ ယမန်နှစ်ကထက် ၂၂ ဦးတိုးလာကြောင်း အဆိုပါ မဂ္ဂဇင်း၏ ဖော်ပြချက်တွင် တွေ့ရသည်။
အလားတူ ယမန်နှစ်ထုတ်ပြန်ချက်အရ ဘီလျံနာများ၏ စုစုပေါင်းပိုင်ဆိုင်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၃၅၃ ဘီလီယံသာရှိရာမှ ယခုနှစ်ထုတ်ပြန်ချက်တွင် ၎င်းတို့၏ပိုင်ဆိုင်မှုသည် ဒေါ်လာ ၅၀၅ ဘီလီယံအထိ တိုးမြင့်လာခြင်းဖြစ်သည်ကို တွေ့ရသည်။
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့သည် ယခုနှစ်အတွင်း ရုရှားနိုင်ငံ၏စီးပွားရေးတိုးတက်မှုက သုည ဒသမ ၃ ရာခိုင်နှုန်းရှိမည်ဟု ယခင်က ခန့်မှန်းခဲ့ရာမှ ယခုအခါ သုည ဒသမ ၇ ရာခိုင်နှုန်းအထိတိုးတက် လာမည်ဟု တိုးမြှင့်ခန့်မှန်းထားသည်။
ယခုဘီလျံနာစာရင်းတွင် သရေစာလုပ်ငန်း၊ ကုန်ပဒေသာတိုက်လုပ်ငန်း၊ ဓာတုလုပ်ငန်း၊ ဆေးဝါးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း စသည်တို့မှ လုပ်ငန်းရှင်များပါဝင်နေသောကြောင့် အနောက်အုပ်စုက ရုရှားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ထားသော် လည်း ပြည်တွင်းဝယ်လိုအားမှာ ခိုင်မာအားကောင်းနေဆဲဖြစ်ကြောင်း တွေ့ရသည်။
Ref: TST
