ဝါရှင်တန်၊ အာကာသ
ကမ္ဘာမြေအတွက် ပထမဆုံးသက်ရှိက အာကာသမှလာခြင်းဖြစ်ဟုဆို
သိပ္ပံပညာရှင်များသည် အာကာသ အတွင်းမှရရှိထားသည့် ဥက္ကာခဲတစ်ခုကို လေ့လာစူးစမ်းရှာဖွေမှုများအရ ကမ္ဘာမြေအတွက် ပထမဆုံးသက်ရှိက အာကာသမှလာခြင်းဖြစ်သည်ကို တွေ့ရကြောင်း သိရသည်။
ဂျပန်အာကာသအေဂျင်စီမှ Hayabusa2 အာကာသယာဉ်က ၂၀၁၉ ခုနှစ် အတွင်း Ryugu အမည်ရှိဥက္ကာခဲတစ်ခု၏ နေရာ နှစ်နေရာမှ ရယူခဲ့သော ကျောက်တုံးနမူနာများတွင် ယူရာဆေးနှင့်နိုင်ယာဆင်း ဒြပ်ပေါင်းနှစ်မျိုးကို တွေ့ရှိရကြောင်း သိပ္ပံပညာရှင်များ ကပြောသည်။
ယူရာဆေးသည် သက်ရှိများအတွက် ဖြစ်တည်ရှင်သန်မှုအတွက်လိုအပ်သော ဓာတုပစ္စည်းတစ်ခုဖြစ်ပြီး ဗီတာမင် B3 ဟုလည်း ခေါ်သည့် နိုင်ယာဆင်းမှာ သက်ရှိ များ၏ကိုယ်တွင်းဇီဝဖြစ်စဉ်အတွက် အရေး ပါသောအရာဖြစ်သည်။
ကမ္ဘာမြေမှ ကီလိုမီတာ သန်း ၂၅၀ ခန့် ကွာဝေးသည့်နေရာရှိ Ryugu ဥက္ကာခဲမှရယူလာသော ကျောက်တုံးနမူနာများကို လေလုံဘူး အတွင်းထည့်ကာ ကမ္ဘာမြေသို့ပြန်လည်သယ်ဆောင်လာခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် ရောက်ရှိလာခြင်း ဖြစ်သည်။
ကမ္ဘာကြီးစတင်ဖြစ်ပေါ်လာသည့် လွန်ခဲ့ သောနှစ်ပေါင်း ၄ ဒသမ ၅ ဘီလီယံကတည်းက သက်ရှိများမည်ကဲ့သို့ ဖြစ်ပေါ်လာသည်ကို သိပ္ပံပညာရှင်များက အဖြေရှာဖွေနေခြင်းဖြစ်သည်။
ဥက္ကာခဲများ၊ ဂြိုဟ်သိမ်ဂြိုဟ်မွှားများ၊ ကြယ်တံခွန်များက အစောပိုင်းတွင်ဖြစ်တည်နေသည့် ကမ္ဘာကြီးပေါ်သို့ ကျရောက်ရာမှ ပထမဆုံး သက်ရှိများ ရှင်သန်နိုင်မည့်ဒြပ်ပေါင်းများကို ချန်ထားခဲ့ခြင်းဖြစ်နိုင်ကြောင်း အယူအဆကို ယခုအခါလေ့လာတွေ့ရှိမှု အသစ်က ခိုင်မာစေသည်ဟု သိရသည်။
Ref: China Daily
