ရန်ကုန် စီးပွားရေး
မြန်မာ့ရော်ဘာကဏ္ဍဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုရန် ပံ့ပိုးကူညီမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။
အရည်အသွေးပြည့်မီသည့် မြန်မာ့ ရော်ဘာများတင်ပို့နိုင်ရေးအတွက် နည်းပညာဆိုင်ရာအထောက်အကူများကို တစ် စိတ်တစ်ပိုင်းအနေဖြင့် ဖြည့်ဆည်းထားပြီး ကဏ္ဍတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်စေရန် တခြားလို အပ်ချက် များဖြစ်သော ဓာတ်ခွဲခန်း ဝန်ထမ်း ထပ်မံဖြည့်တင်းရေးနှင့် ဓာတ်ခွဲ ခန်းအဆောက်အအုံတိုးချဲ့ရေးတို့ကိုလည်း ဆောင် ရွက် ပေးမည်ဖြစ်သည်။ ထို့ပြင် ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ (JICA) ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး နည်းပညာ အကူ အညီများ ရယူဆောင်ရွက်မည် ဖြစ်သည်။
မြန်မာ့ရော်ဘာကဏ္ဍတွင် ထုတ်လုပ်မှု မြှင့်တင်ရေး၊ ဈေးနှုန်းရရှိရေးနှင့် အရည်အသွေးမြှင့်တင်ရေးတို့အတွက် လိုအပ်သောထိန်းကျောင်းမှုများ ဆောင်ရွက်နိုင် ရန် ရန်ကုန်မြို့၌ နှီးနှောဖလှယ်ပွဲတစ်ရပ် ကျင်းပမည်ဖြစ်သည်။
''အစိုးရရဲ့ပံ့ပိုးမှုလိုအပ်သလို တစ်ဖက် မှာလည်း တွေ့ကြုံနေရတဲ့အခက်အခဲတွေ ကို နှီးနှောဖလှယ်ပွဲကနေ အဖြေရှာ နိုင်ကြ ဖို့ ကျင်းပမှာဖြစ်ပါတယ်''ဟု မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်ထူးကပြောသည်။
၂ဝ၁၆ ခုနှစ်က စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ် သူများ အသင်းတို့ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး၍ စားသုံးသူရေးရာဦးစီးဌာန ကုန်ပစ္စည်း စမ်းသပ် စစ်ဆေးရေးနှင့် အရည် အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) ၌ မြန်မာ့သဘာဝ ရော်ဘာအရည်အသွေး
စမ်းသပ် စစ်ဆေးရေး ဓာတ်ခွဲခန်း (MNRQTL) ကို တည်ထောင်ခဲ့ကြောင်း သိရသည်။
သုသု(AMIA)