၀န်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ရုံးလုပ်ထုံးလုပ်နည်းအခြေခံ သင်တန်းဆင်း
ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၌ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များရှိ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ရုံးလုပ်ထုံးလုပ်နည်းအခြေခံသင်တန်းကို ဧပြီ ၂၄ ရက်မှ ၂၈ ရက်အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းဆင်းပွဲကို ဧပြီ ၂၈ ရက်က ရန်ကုန်တိုင်းဒေသကြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ကျင်းပ သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်ဇော်နောင်က သင်တန်း ဆင်းအမှာစကားပြောကြားရာတွင် ဝန်ထမ်း များအနေဖြင့် ရုံးလုပ်ထုံးလုပ်နည်း၊ ရုံး လုပ်ငန်းလက်စွဲ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်း ဥပဒေနှင့် ဘဏ္ဍာရေးဆိုင်ရာဘာသာရပ် များကို သိရှိနားလည်ပြီး ရုံးလုပ်ငန်းများ အဆင်ပြေအောင်မြင်စွာ ဆောင်ရွက်နိုင်စေ ရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပို့ချပေးခြင်း ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းသို့ ရန်ကုန်တိုင်းဒေသ ကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ခရိုင်၊ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ သင်တန်းသား၊ သင်တန်းသူ ၂၀ ဦး တက် ရောက်ကြပြီး သင်တန်း၌ ဝန်ထမ်းများ ရုံးလုပ်ငန်း ဆောင်ရွက်ရာတွင် အဆင်ပြေစေ ရန် ရုံးလုပ်ထုံးလုပ်နည်း၊ ရုံးလုပ်ငန်းလက် စွဲ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့် ဘဏ္ဍာရေးဆိုင်ရာ ဘာသာရပ်များကို ဌာန တွင်းနည်းပြများက သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ချမ်းမြေ့