အဖိုးတန်တွင်းထွက်သယံဇာတ ရတနာပစ္စည်းများ လှူဒါန်း

အဖိုးတန်တွင်းထွက်သယံဇာတ ရတနာပစ္စည်းများ လှူဒါန်း

    မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် မြို့မ(၃)ရပ်ကွက်ရှိ အသောကာရာမ ကျောင်းတိုက်၌ ဧပြီ ၃၀ ရက်တွင် ကျင်းပသည်။

ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အဖွဲ့ဝင်များသည်  နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် သာသနဓဇ  ဓမ္မာစရိယဝိနယပါဠိပါရဂူအသောကာရာမ ပရိယတ္တိစာသင်တိုက် ဆရာတော်အရှင်မင်္ဂလာဘိဝံသအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဆရာတော်ကြီးက တွင်းထွက်သယံဇာတ ရတနာပစ္စည်းများဖြစ်သည့် မိုးကုတ်တွင်းထွက်ရတနာ ပစ္စည်းနှစ်မျိုး၊ ကျောက် ၂၄ လုံး၊ ကျောက်နီရောင်စုံသေးတစ်ထုပ်၊ ကျောက်စိမ်းသေး ရောင်စုံတစ်ထုပ်၊ အစိမ်းရောင်လုံးတစ်လုံး၊ ဆင်မြီးကျောက်ပါ လက်ကောက်တစ်ခုနှင့် ဆွဲကြိုးတစ်ခု၊ မဟူရာအမည်း သုံးခု၊ ကျောက်စိမ်းပြားသုံးပြား၊ ရွှေရောင်ပါ ကျောက်ဖြူလုံးချော ၁၈ လုံး၊ ခရမ်းချိုချဉ်အနီရောင် ကျောက်ခုနစ်လုံး၊ မျက်နှာတော်ပုံကျောက်နီတစ်ခု၊ ကျောက်စိမ်းအရိုင်းတုံးတစ်တုံး၊ သလင်းရိုင်းတုံးတစ်တုံး၊ နီလာသေးလုံးချောများ တစ်ထုပ်၊ ကြောင်ကျောက်လုံးချောသုံးလုံး၊ ကျောက်စိမ်းအရိုင်းတုံး အသေး ၁၃လုံး၊ ကျောက်နီအရိုင်းတုံးခြောက်တုံး၊ အစိမ်းရောင် ရေခဲသားကြီးတစ်လုံး၊ အသေးတစ်လုံး ၁၈ မျိုးနှင့် အခြားတွင်းထွက်ပစ္စည်းခြောက်မျိုး စုစုပေါင်းတွင်းထွက် ရတနာ ၂၆ မျိုးတို့ကို နိုင်ငံတော်သို့ လိုအပ်သည့်နေရာတွင် အသုံးပြုနိုင်ရန်အတွက်    ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊  တာဝန်ရှိသူများက လက်ခံရယူကြောင်း သိရသည်။