ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဂိုဏ်းပေါင်းစုံ သံဃာတော်(၁၁၁၁၁)ပါးဖြင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားနှင့် ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားကို တိုက်ရိုက် ထုတ်လွှင့်မည်
နေပြည်တော် မေ ၁
ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဂိုဏ်းပေါင်းစုံ သံဃာတော်(၁၁၁၁၁)ပါးဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားကို မေ ၂ ရက်(ယနေ့)နံနက်ပိုင်းတွင် ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါမဟာမင်္ဂလာ အခမ်းအနားကျင်းပပုံများကို ယင်းနေ့နံနက် ၆ နာရီအချိန်မှ စတင်၍ MRTV HD Channel, MRTV Farmers' Channel, MRTV Parliament Channel, MRTV Sports Channel, MWD EDUCATION, KNOWLEDGE & SPORTS Channel, TVM Channel, WAF Channel နှင့် Channel LIGHT Channel တို့တွင် တိုက်ရိုက် ထုတ်လွှင့်သွားမည်ဖြစ်သည်။