ကဆုန်လပြည့်ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာ အခမ်းအနားများ တိုက်ရိုက်ထုတ်လွှင့်မည်

ကဆုန်လပြည့်ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာ အခမ်းအနားများ တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော်  မေ  ၁

    ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာ အခမ်းအနားများကို ၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်နေ့ ညနေပိုင်းနှင့် ညပိုင်းတို့တွင်  နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်း၌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီက ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ နေပြည်တော်၊ ဥပ္ပါတသန္တိ စေတီတော် ပရိဝုဏ်အတွင်းတွင် ကဆုန်လပြည့်ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနားများကို စီစဉ်ကျင်းပသွားမည် ဖြစ်ရာ ည ၆ နာရီ ၄၅ မိနစ်မှစတင်၍ ဆီမီးတိုင်များ ကိုင်ဆောင်လှည့်လည် ပူဇော်ပွဲနှင့် ည ၈ နာရီအချိန်တွင် ကျင်းပမည့် ဓမ္မပူဇာသဘင် ဆင်ယင်ကျင်းပပွဲတို့ကို MRTV Farmers' Channel ၊ MRTV Parliament Channel၊ MRTV Sports Channel၊ MWD EDUCATION,KNOWLEDGE & SPORTS Channel၊ TVM Channel ၊ Channel LIGHTနှင့် WAF Channel တို့မှ တိုက်ရိုက် (Live)ရိုက်ကူး ထုတ်လွှင့်သွားမည်ဖြစ်ပြီး၊ MRTV HD Channel မှ ဆီမီးတိုင်များ ကိုင်ဆောင် လှည့်လည်ပူဇော်ပွဲ စတင်ချိန်မှ ည ၈ နာရီ သတင်းမတိုင်မီ အထိ တိုက်ရိုက်(Live) ထုတ်လွှင့်ပြသွားမည်ဖြစ်ပြီး ဓမ္မပူဇာသဘင်ဆင်ယင် ကျင်းပပွဲကို ည ၈ နာရီ သတင်းများ အပြီး ည ၉ နာရီခန့်မှစ၍ ထုတ်လွှင့်သွားမည်ဖြစ်ပါသည်။ ဓမ္မပူဇာသဘင်တွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသက ငါးပါးသီလချီးမြှင့် ပေးမည်ဖြစ်ပြီး သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ ရွှေကျင်သာသနာပိုင် ဖြစ်တော်မူသော အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက သီတဂူ ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရက တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးသွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများအား ကြိုတင် အသိပေးအပ်ပါသည်။