ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာတော် ၁၁၁၁၁ ပါးတို့ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်တော် စုပေါင်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားအကြို အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကျင်းပ
ရန်ကုန် မေ ၁
သာသနာတော်နှစ် ၂၅၆၆-၆၇ ကဆုန်လပြည့်ဗုဒ္ဓနေ့အား ရည်မှတ်၍ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့က ကြီးမှူးကျင်းပမည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာ တော် ၁၁၁၁၁ ပါးတို့ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနား နှင့် ဆွမ်းဆန်တော် စုပေါင်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားအကြို အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယနေ့ညနေ ၅ နာရီခွဲတွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် ရင်ပြင်တော် အလယ်ရှိ ဘုရားကျောင်းဆောင်မဏ္ဍပ်၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒွိပိဋကဓရ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိ ဆရာတော်ကြီး အမှူးပြုသည့် ဆရာတော် သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဖိတ်ကြားထားသည့် ဧည့်ပရိသတ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
ရှေးဦးစွာ အခမ်းအနားကို “နမော တဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ သြဝါဒါစရိယ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိထံမှ ဧည့်ပရိသတ် များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများက ဆရာတော်များထံ ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ် ချည်၊ ပရိတ်ပန်းများ ဆက်ကပ်ကြပြီး ဆရာတော်များ ရွတ်ပွားသရဇ္ဈာယ်အပ်သော မေတ္တသုတ်ပရိတ် တရားတော်များ နာယူ ကြည်ညိုကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့်ဇနီးများ၊ တာဝန်ရှိသူများက ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြ သည်။
ထို့နောက် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ သြဝါဒါစရိယ တိပိဋကရွေးချယ်ရေးအဖွဲ့ သြဝါဒါစရိယ အဂ္ဂမဟာ ပဏ္ဍိတ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု၊ သ.စ.အ ဓမ္မာစရိယ(ဝဋံသကာ)၊ ပါဠိပါရဂူ ဘဒ္ဒန္တနာရဒါဘိဝံသ ဆရာတော်ထံမှ ဧည့် ပရိသတ်များက အနုမောဒနာတရားနာကြား ၍ ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ယင်းနောက် ဆရာတော်ကြီးများမှ အန္တရာယ်ကင်း ကမ္မဝါစာရွတ်ဖတ်တော်မူကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။