ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign နှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign နှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မြို့မစည်ပင်သာယာရေးဈေးအတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ကကြီးမှူး၍ Mask Campaign နှင့် အသိပညာပေး လုပ်ငန်းများကို မေ ၁ ရက်တွင် ဆောင်ရွက်ကြသည်။

အဆိုပါ Mask Campaign ဆောင်ရွက်ရာသို့ လာရောက်ကြသည့် ဈေးရောင်းဈေးဝယ်ပြည်သူများနှင့် ခရီးသွားပြည်သူများကို  နှာခေါင်းစည်းများ  အခမဲ့ဖြန့်ဝေပေးပြီး  လက်တွေ့တပ်ဆင်ပေး၍ နေအိမ် အပြင်ထွက်ပါက   နှာခေါင်းစည်းတပ်ဆင်သွားကြရန်၊  အပြင်မှပြန်လာတိုင်း လက်ကိုဆပ်ပြာရေ သို့မဟုတ် အယ်လ်ကိုဟောအနည်းဆုံး ၆၀ ရာခိုင်နှုန်း ပါဝင်သော လက်သန့်ဆေးရည်ဖြင့် စက္ကန့် ၂၀ ကြာ ဆေးကြောရန်၊ လူတစ်ဦးနှင့် တစ်ဦးခပ်ခွာခွာနေကြရန်၊ တတ်နိုင်သမျှလူစုလူဝေးရှောင်ကြဉ်ရန်၊ ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်မထားချိန်တွင် ချောင်းဆိုး၊ နှာချေလျှင်တံတောင်ဆစ်ကွေး၍ ချောင်းဆိုးနှာချေခြင်းစသည့် တစ်ကိုယ်ရည်ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာကြရန်၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါပိုးများ ပြန်လည်တွေ့ရှိနေမှုကြောင့် ဂရုစိုက်နေထိုင်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးညွှန်ကြားချက်များကို တိကျစွာလိုက်နာကြရန်နှင့်ကိုဗစ်-၁၉ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံသွားကြရန် အသိပေးပြောကြားပြီး နှာခေါင်းစည်း ၁၅၀၀ ခုအား ဖြန့်ဝေပေးကြောင်းသိရသည်။

လှဝင်း