လယ်ဝေးမြို့၌ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကျင်းပ

လယ်ဝေးမြို့၌ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ယက္ကန်းစင်တောင် ဓမ္မပါလ လူငယ်ဖွံ့ဖြိုးရေးကျောင်း၌ မေ ၁ ရက်တွင် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ ကျင်းပသည်။

ရှေးဦးစွာ ယက္ကန်းစင်တောင်ဓမ္မပါလကျောင်းဆရာတော်  ဘဒ္ဒန္တတေဇိန္ဒထံမှ တက်ရောက်လာကြသူများက ငါးပါးသီလ ခံယူဆောက်တည်ကာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဝင်းအောင်နှင့် ဦးခင်မောင်ထွေးတို့က သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်းရာ သင်တန်းဆရာ၊ ဆရာမများက လက်ခံရယူသည်။

အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းတွင် သင်တန်းနည်းပြဆရာ၊ ဆရာမ ခြောက်ဦးတို့က မေ ၁ ရက်မှ ၂၅ ရက်အထိ သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၁၂၀ ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

ဝေကြည်