ပုဂံလူရည်ချွန်စခန်းမှ လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများ ပုဂံဒေသရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်နေရာများသို့ သွားရောက်လည်ပတ်

ပုဂံလူရည်ချွန်စခန်းမှ လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများ ပုဂံဒေသရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်နေရာများသို့ သွားရောက်လည်ပတ်

ပုဂံလူရည်ချွန်စခန်းမှ   Grade-9 လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများသည် စခန်းမှူး  မန္တလေးတိုင်း ဒေသကြီး ပညာရေးမှူး ဒေါက်တာစိုးမြင့်ထွန်းဦးဆောင်၍ ကြီးကြပ်သူ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပုဂံဒေသရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ရှေးဟောင်းဗိသုကာလက်ရာများ၊  သမိုင်းဝင်အထင်ကရနေရာများ၊ ပတ်ဝန်းကျင်ဒေသများ၊ စေတီပုထိုးများသို့ သွားရောက်လည်ပတ်လေ့လာဖူးမြော်ခဲ့ကြသည်။

ဦးစွာ    လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် ဖွားစောရွာ သစ်မထီးကျောင်းတိုက်အနီးရှိ ၁၁၉၇ ခုနှစ်တွင် နရပတိစည်သူမင်းတည်ထားကိုးကွယ်ခဲ့သည့် ဓမ္မရာဇိကစေတီတော်သို့ သွားရောက်ဖူးမြော်ကြရာ ဘုရားရှိတာဝန်ရှိသူများက ဘုရား၏သမိုင်းကြောင်းနှင့် ဗိသုကာလက်ရာများကို လိုက်လံရှင်းလင်းပြသကြသည်။ ထို့နောက် လောကနန္ဒာစေတီ၊   တာမဏီဘုရား၊ ရွှေစံတော်ဘုရား၊ ရွှေစည်းခုံဘုရားတို့သို့ သွားရောက်လေ့လာ ဖူးမြော်ခဲ့ကြသည်။

ညပိုင်းတွင် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား ဖျော်ဖြေရေး အစီအစဉ်အဖြစ်   မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဖျော်ဖြေရေးအဖွဲ့မှ အဆို၊ အက၊ အတီး၊ စတိတ်ရှိုးဖျော်ဖြေမှုများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သတင်းရရှိသည်။

ပြည့်စုံအောင်