(၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း
(၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် စုပေါင်း သွေးလှူဒါန်းခြင်းကို မေ ၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀)၌ ပြုလုပ်သည်။
ရှေးဦးစွာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ် ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းရခြင်း ရည်ရွယ်ချက်ကိုပြောကြားပြီး တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀) တပ်မှူး ဗိုလ်မှူးချုပ် မြင့်ဇော်က ဂုဏ်ပြုစကားပြောကြားကာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၏ သွေးလှူဒါန်းနေမှုကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူ၊ တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀) တပ်မှူး ဗိုလ်မှူးချုပ်မြင့်ဇော်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ အားပေးစကားပြောကြားပြီး အားဖြည့်အစားအစာများပေးအပ်သည်။
အဆိုပါ သွေးလှူဒါန်းခြင်းကို ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခုမှ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင် ၁၀၂ ဦး လာရောက် သွေးလှူဒါန်းကြောင်း သိရသည်။
သိန်းဝင်း