ဒူးရင်းသီးများပေါ်ဦးပေါ်ဖျား ဈေးကောင်းရ

ဒူးရင်းသီးများပေါ်ဦးပေါ်ဖျား ဈေးကောင်းရ

ကရင်ပြည်နယ် ရှမ်းရွာသစ်မြို့ မဲလောခီးကျေးရွာအုပ်စု ဝါးမီးကလားကျေးရွာရှိ ဒေသနေပြည်သူများသည် နှစ်ရှည်ပင်ဥယျာဉ် ခြံစိုက်ပျိုးခြင်းလုပ်ငန်းများကို  တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြရာ နှစ်ရှည်ပင်သီးနှံ တစ်မျိုးဖြစ်သော    ဒူးရင်းသီးများပေါ်ချိန်ဖြစ်၍ ဈေးကောင်းရရှိကြောင်း သိရသည်။

ဒူးရင်းသီးကို ဇွန်လအစောပိုင်းတွင် စိုက်ပျိုးကြပြီး ရေရရှိလျှင် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်သည့် နှစ်ရှည်ခံသီးနှံတစ်မျိုး ဖြစ်ကြောင်း၊ နိုဝင်ဘာလတွင် ပန်းများစပွင့်ပြီး ဧပြီလတွင် အသီးများ စတင်ဆွတ်ခူးနိုင်ကြောင်း၊ အသီးများကောင်းမွန်စွာ မှည့်မှသာ ဆွတ်ခူးရောင်းချရပြီး အပင်မှည့်ကြွေကျသည့် အသီးသည်     အရသာပိုမိုကောင်းမွန်ကြောင်း သိရသည်။

ဒူးရင်းသီးတွင် မြန်မာမျိုးနှင့်ယိုးဒယားမျိုးဟူ၍ရှိပြီး မြန်မာမျိုးကိုသာ အများဆုံးဝယ်ယူစားသောက်ကြကြောင်း၊ ယခုကာလသည် ဒူးရင်းသီးများပေါ်ချိန်ဖြစ်၍ အလုံးကြီးတစ်လုံးလျှင် ငွေကျပ် ၁၀၀၀၀ မှ ၁၅၀၀၀ အထိ အလုံးငယ်တစ်လုံးလျှင် ငွေကျပ် ၅၀၀၀ မှ ၈၀၀၀ အထိ ဈေးကောင်းရရှိသောကြောင့် ဒူးရင်းစိုက်ပျိုးသည့် ဒေသနေပြည်သူများအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)