မြစိမ်းရောင်ချေးငွေများထုတ်ချေးပေး
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ခင်ဝိုင်းကျေးရွာ၌ အဋ္ဌမအကြိမ် မြစိမ်းရောင်ချေးငွေများ ပြန်လည်ထုတ်ချေးခြင်းကို မေ ၅ ရက်တွင် အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ဆောင်ရွက်ရာ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ရောင်းဝယ်ရေးလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းဆောင်ရွက်သူ စုစုပေါင်း အသင်းသား၊ အသင်းသူ ၇၂ ဦးထံသို့ စုစုပေါင်းချေးငွေကျပ် ၃၃ ဒသမ ၃၅သန်းကို တစ်ဦးချင်းလက်ဝယ်အရောက် ထုတ်ချေးပေးကြောင်း သိရသည်။
ကိုညို(ကျေးလက်)