အောင်မြင့်မိုရ်အိမ်ရာနှင့် သီလဝါအိမ်ရာရှိ အိမ်ခန်း ၂၀၀ ကျော်ကို မဲနှိုက်ရွေးချယ်မည်

အောင်မြင့်မိုရ်အိမ်ရာနှင့် သီလဝါအိမ်ရာရှိ အိမ်ခန်း ၂၀၀ ကျော်ကို မဲနှိုက်ရွေးချယ်မည်

    ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(တောင်ပိုင်း) မြို့နယ် အောင်မြင့်မိုရ်အိမ်ရာနှင့် ကျောက်တန်းမြို့နယ်  သီလဝါအိမ်ရာရှိ  တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ခန်း ၂၀၀ ကျော်ကို မေ ၉ ရက်တွင် မဲနှိုက်ရွေးချယ်ပေးမည် ဖြစ်ကြောင်း   မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါတန်ဖိုးနည်း၊     တန်ဖိုးသင့် အိမ်ခန်းများကို ဝယ်ယူလိုသူများ အနေဖြင့် ဆောက်လုပ်ရေး၊  အိမ်ရာနှင့်     အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် (CHID Bank)ု) တွင် အိမ်ရာစုဆောင်းငွေ ငွေကျပ် သိန်း ၃၀ နှင့် အထက်ရှိရမည်ဖြစ်ပြီး ယင်း အိမ်ခန်းများကို အတိုးနှုန်းသက်သာသည့် ချေးငွေစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်သည်။ CHID Bankတွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ အိမ်ရာစုဆောင်း ငွေ ငွေကျပ် သိန်း ၃၀ အထက် စုဆောင်းထားသူ  ၂၇၈၈  ဦးရှိပြီး စာရင်းပါဝင်သူများကို ရောင်းချပေးမည်ဖြစ်သည်။

လက်ရှိတွင် ဝယ်ယူရန် စာရင်းပေးထားသူ  ၆၉၉ ဦးရှိပြီး ၎င်းတို့အား မေ ၉ ရက်တွင် ရန်ကုန်မြို့ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန   (ရန်ကုန်တိုင်းဒေသကြီးရုံး)  စုဝေးခန်းမ၌     မဲနှိုက်ရွေးချယ်မည်ဖြစ်သည်။  မဲနှိုက်ရွေးချယ်ရာတွင် ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ လူစု လူဝေး မဖြစ်အောင် ပထမဆုံး စာရင်းပေးထားသည့်  ၂၅  ဦးသာ  တက်ရောက်ခွင့် ပေးမည်ဖြစ်သည်။ အဆိုပါမဲနှိုက်ရွေးချယ်မှုတွင်   တန်ဖိုးနည်း၊   တန်ဖိုးသင့်အိမ်ခန်း ၂၀၄ ခန်းကို ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။