ကလေးအလုပ်သမားပပျောက်ရေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

ကလေးအလုပ်သမားပပျောက်ရေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်       လှိုင်းဘွဲ့မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်နံရံ ကပ်ပြဘုတ်၌  ကလေးအလုပ်သမားပပျောက်ရေးနှင့်  မိုးဦးကာလအတွင်း  သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍  ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို သိရှိနိုင်စေရန် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို မေ ၁၀ ရက်တွင် ပြသထားကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနံရံကပ် စာစောင်များတွင် ကလေးသူငယ်တို့၏ အခွင့်အရေးများအကြောင်း၊ ကလေးသူငယ် များအပေါ် လျစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ အကြမ်းဖက်ခြင်း၊ မတော်မတရားပြုမှုခြင်း၊ ကလေးအလုပ်သမားဟူသည် အဘယ်နည်း၊ သက်ဆိုင်ရာ အလုပ်သမားဥပဒေများတွင် အလုပ်လုပ်ရန် အသက်ကန့်သတ်ချက်၊  အပြည်ပြည်ဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ ပညာသင်ကြားခွင့်၊ အသက်ရှင်သန်ခွင့်၊ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်နှင့် ပူးပေါင်းပါဝင်ခွင့် စသည့် အကြောင်းအရာများနှင့် မိုးဦးကာလတွင်ကျရောက်နိုင်သည့်  သဘာဝဘေးအန္တရာယ်များ၊    ကြိုတင် ကာကွယ်ရမည့် နည်းလမ်းများ၊ လေဘေး၊ ရေဘေး၊ မုန်တိုင်းဘေးအန္တရာယ်  စသည့် အကြောင်းအရာများကို   ပြသဆောင်ရွက်ထားရှိရာ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများက စိတ်ပါဝင်စားစွာကြည့်ရှုကြကြောင်း သိရသည်။

စောဖိုးခွား(ပြန်/ဆက်)