လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကျင်းပ

လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး    ကျောက်ဆည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များအား    ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို မေ ၁၀ ရက် နံနက်ပိုင်းတွင် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း  အနော်ရထာခန်းမ၌   ကျင်းပသည်။

ရှေးဦးစွာ ကျောက်ဆည်မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကျွန်တော့်ရည်မှန်းချက်သီချင်းဖြင့် သီဆိုဖွင့်လှစ်၍ ခရိုင်ပညာရေးမှူး ဒေါက်တာ ဥမ္မာကြည်က ဂုဏ်ပြုအမှာစကားပြောကြားသည်။

ဆက်လက်၍  ကျောက်ဆည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးက ခေတ်မီဖွံ့ဖြိုးတိုးတက်သော     ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရာတွင် ဘက်စုံပညာရေးကဏ္ဍမြင့်မားရေး ဆောင်ရွက်ရာ၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ ထူးချွန်ထက်မြက်စေရေး    ဆောင်ရွက်ကြရကြောင်း၊ ဉာဏ်ပညာထူးချွန်သည့် လူရည်ချွန်များသည် အကောင်းအဆိုးဝေဖန်ပိုင်းခြားနိုင်သူများဖြစ်အောင်  စံနမူနာပြကြိုးစားကြလိုကြောင်း ဂုဏ်ပြုစကားပြောကြားသည်။

ထို့နောက်ခရိုင်ပညာရေးမှူး ဒေါက်တာဥမ္မာကြည်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့် အဖွဲ့ဝင်များက လူရည်ချွန်မောင်မယ်များဖြစ်သည့်   မောင်ခိုင်မြဲဟိန်း၊ မအေးမို့မို့အောင်၊ မောင်ဖြိုးသက်ပိုင်စိုး တို့အား ဂုဏ်ပြုဆုများပေးအပ်သည်။ ၎င်းနောက်  လူရည်ချွန်ကျောင်းသား မောင်ခိုင်မြဲဟိန်းက အပန်းဖြေစခန်း သွားရောက်လေ့လာခဲ့သည့် အတွေ့အကြုံများ ပြန်လည်ရှင်းလင်း ပြောကြားကြောင်း သိရသည်။               

 တင်တင်ထွေး