အန္တရာယ်ရှိသစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းဆောင်ရွက်

အန္တရာယ်ရှိသစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနက သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ပြည်သူများ အန္တရာယ်ကင်းဝေး စေရန်အတွက် မေ ၁၃ ရက် နံနက်ပိုင်းတွင် မြို့နယ်အတွင်း၌ အန္တရာယ်ရှိ သစ်ပင်သစ်ကိုင်းများနှင့် ဆွေးမြည့်နေသော သစ်ခြောက်ပင်ကြီးများကို ကွင်းဆင်းစစ်ဆေးပြီး ခုတ်ထွင်ရှင်းလင်းဆောင်ရွက်ပေးကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်ဦးဆောင်သော သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်လမ်းဦးစီးဌာနမှဝန်ထမ်းများနှင့်ပူးပေါင်း၍ မြို့တွင်းလမ်းဘေးဝဲ၊ ယာတစ်လျှောက် အန္တရာယ်ရှိ သစ်ပင်၊ သစ်ကိုင်းများနှင့် ဆွေးမြည့်နေသည့်သစ်ခြောက်ပင်ကြီးများကို ကွင်းဆင်းစစ်ဆေးပြီး စနစ်တကျခုတ်ထွင် ရှင်းလင်းခြင်းနှင့် မြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်လူနေအိမ်များအနီး၌ အန္တရာယ်ရှိ သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းတို့ ဆောင်ရွက်ပေးကြသည်။

ထို့နောက်   မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်၍   သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆိုင်ရာများကို ဒေသခံပြည်သူများ  အထူးဂရုပြုလိုက်နာ ဆောင်ရွက်နိုင်ရေး လိုက်လံ အသိပေးနှိုးဆော်ကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)