ရန်ကုန်၊ စီးပွားရေး
ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက်ဆိုက်ကပ်မည့် သင်္ဘောကြီးများအနက် ယခင်ရေစူး ၉ မီတာအနက်ရှိ သင်္ဘောကြီး များကိုသာ ခွင့်ပြုပေးရာမှ ဇူလိုင်လမှစ၍ အပြင်ပိုင်း သီလဝါဆိပ်ကမ်း၌ ဆိုက်ကပ် မည့် သင်္ဘော များကို ရေစူး ၉ ဒသမ ၅ မီတာ အထိလည်းကောင်း၊ အတွင်းပိုင်း ရန်ကုန်ဆိပ်ကမ်း၌ ဆိုက်ကပ်မည့် သင်္ဘောများကို ရေစူး ၉ ဒသမ ၃ မီတာအထိလည်းကောင်း ပိုမိုတိုးမြှင့်သတ်မှတ်ပေးကြောင်း မြန်မာ့ ဆိပ်ကမ်း အာဏာပိုင် အဖွဲ့မှ သိရသည်။
ယခင် ရေစူး ကန့်သတ်ချက်ကြောင့် သင်္ဘောများ အတွင်းဆိပ်ကမ်းသို့တိုက် ရိုက်မဝင်ရောက်နိုင်ဘဲ အပြင် ဆိပ်ကမ်း၌ ကုန်အလေးချိန်လျှော့ချပြီးမှ ဝင်ရောက်ရခြင်း၊ ရေစူးများသော ရေယာဉ်ကြီးများ သည်လည်း အတွင်း ဆိပ်ကမ်းမှ ပြန်လည် ထွက်ခွာရာတွင် အတွင်းစည်းခုံကိုဖြတ် သန်းနိုင်ရန် ရေချိန်စောင့်ထွက်ရခြင်း တို့ကြောင့် အပြင်စည်းခုံကို ဆက်လက်ဖြတ် သန်းနိုင်ရန် အချိန်မမီခြင်း ကန့်သတ်ချက်များရှိခဲ့သည်။
ရေအနက်ပိုမိုရရှိသည့်အတွက် မလိုအပ် သည့်အဆင့်ဆင့် ကုန်တင်၊ ကုန်ချစရိတ်များ လျှော့ချနိုင်ခြင်း၊ ကုန်တင် နိုင်မှု ပမာဏ တိုးလာခြင်းကြောင့် ကုန်စည်ပို့ဆောင်မှု စရိတ်လျော့ကျလာခြင်း၊ ရေယာဉ်ကြီးများ၏ ဝင်ထွက်မှု ခရီးစဉ်တွင် အချိန်ကြာမြင့်မှု လျော့နည်းသည့်အတွက် ရေယာဉ်ဝင်ထွက် မှု အခေါက်ရေပိုမိုရရှိခြင်းနှင့် ဆိပ်ကမ်း များ၌ ရေယာဉ်များ ပို၍လက်ခံဆိုက်ကပ် ပေးနိုင်ခြင်းတို့ကြောင့် ဆိပ်ကမ်းများမှ ရရှိသောဝင်ငွေ တိုး လာ မည်ဖြစ်သည်။
ရေစူးသတ်မှတ်ချက် တိုးမြှင့်ခွင့်ပြုပေး ခြင်းကြောင့် သင်္ဘောများတွင် တင်ဆောင် နိုင်သည့်ကုန်ပမာဏ ပိုမိုများ ပြားလာပြီး တင်ပို့စရိတ် ကုန်ပစ္စည်းတစ်တန်လျှင် အမေရိကန်ဒေါ်လာ သုံးဒေါ်လာမှ ငါးဒေါ်လာအထိ သက်သာ လာမည်ဖြစ်ကာ နိုင်ငံစီးပွားရေးအတွက် များစွာအထောက် အကူပြုကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဒုတိယ ရေကြောင်း ဌာနမှူးချုပ် ဦးဝင်း မြင့်အောင်ကပြောသည်။
ဝန်းရံခ