ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော်(ပဲခူး) သဘောထားထုတ်ပြန်ချက်

ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော်(ပဲခူး)

သဘောထားထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ မေလ (၃၁) ရက်

၁။    ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်နေ သရုပ်ဆောင်/အဆိုတော် ဒေါ်လီလီနိုင်ကျော် သည် မေလ ၃၀ ရက်နေ့ ည ၇ နာရီခန့်တွင် မော်တော်ယာဉ်ဖြင့် အပြင်မှ နေအိမ်သို့ ပြန်လာစဉ် PDF အမည်ခံအကြမ်းဖက်သမား ၁ ဦးက ၎င်း၏ အိမ်ရှေ့၌ စောင့်၍ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့မှုကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း စိတ်မချမ်းမြေ့ဖွယ် ကြားသိရပါ သည်။

၂။      ယခုကဲ့သို့ အေးချမ်းစွာ လှုပ်ရှားသွားလာနေသည့် ပြည်သူများ၊ ၎င်းတို့အား အားပေး ထောက်ခံခြင်းမရှိသူများကို ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ စသည့် အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူများအတွက် မြန်မာနိုင်ငံလုံး ဆိုင်ရာ ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော်(ပဲခူး)မှ ပြင်းထန်စွာရှုတ်ချပါကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။

ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော်(ပဲခူး)