မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို) သဘောထား ထုတ်ပြန်ချက် (၃၁.၅.၂၀၂၃)

Description: Description: C:\Users\KKP News\Desktop\3434.JPG

 

(၃၁.၅.၂၀၂၃)

 

၁။   ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်နေ သရုပ်ဆောင်/အဆိုတော် ဒေါ်လီလီနိုင်ကျော် သည် မေလ ၃၀ ရက်နေ့ ည ၇ နာရီခန့်တွင် မော်တော်ယာဉ်ဖြင့် အပြင်မှ နေအိမ်သို့ ပြန်လာစဉ် PDF အမည်ခံအကြမ်းဖက်သမား ၁ ဦးက ၎င်း၏ အိမ်ရှေ့၌ စောင့်၍ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ကို စိတ်နှလုံးမချမ်းမြေ့ဖွယ် ကြားသိရပါသည်။

၂။      ယခုကဲ့သို့ အေးချမ်းစွာ လှုပ်ရှားသွားလာနေသည့် ပြည်သူများ၊ ၎င်းတို့အား အားပေးထောက်ခံခြင်း မရှိသူများကို ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ စသည့် အကြမ်းဖက်လုပ်ရပ်များကို မိမိတို့ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)က လုံးဝလက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)