မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၏ သဘောထားထုတ်ပြန်ချက်

Description: Description: C:\Users\User\Desktop\သဘင်.jpg

 

မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၏ သဘောထားထုတ်ပြန်ချက်

၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်

၂၀၂၃ ခုနှစ်၊ မေလ ၃၁ ရက်

          ၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့ ည ၁၉၀၀ နာရီအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တွင် နေထိုင်သော ဒေါ်လီလီနိုင်ကျော်အား အကြမ်းဖက်သမားများက ပြင်းထန်စွာ ဒဏ်ရာရရှိသည်အထိ ယုတ်မာရက်စက်စွာ လုပ်ကြံခဲ့သည်။

     အဆိုပါ အကြမ်းဖက်သမားများ၏ လူမဆန်သည့် ယုတ်မာတိုက်ခိုက်မှုသည် စစ်ရေး ပစ်မှတ်မဟုတ်သည့် အများပြည်သူများ အေးချမ်းပျော်ရွှင်စွာ သွားလာလှုပ်ရှားနေမှုများကို ထိတ်လန့်ကြောက်ရွံ့စေရန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရနှင့် ပူးပေါင်းဆောင်ရွက် နေသည့် မျိုးချစ်ပြည်သူများအား အားပေးထောက်ခံခြင်း မပြုလုပ်နိုင်စေရေးနှင့် အစိုးရ၏ အုပ်ချုပ်မှု ယန္တရားပျက်စီးစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် အကြမ်းဖက်သတ်ဖြတ် တိုက်ခိုက်ခြင်း များဖြစ်၍ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)က ပြင်းထန်စွာ ရှုတ်ချပါကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)