အသက် ၂ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး
နေပြည်တော်၊ ဇွန် - ၆
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်ရှိ တပ်ရင်း/တပ်ဖွဲ့များမှ တပ်မိသားစုဝင် အသက် ၂ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် စစ်တွေတပ်နယ်ရှိ မေဃဝတီခန်းမ၌ ပြုလုပ်သည်။
စစ်တွေမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် စစ်တွေတပ်နယ် နယ်မြေခံ ဆေးတပ်ရင်းမှ သူနာပြုများက အသက် ၂ နှစ်အောက် ကလေးငယ် ၃၀ ဦးတို့ကို ဝက်သက်၊ ဂျိုက်သိုး၊ ဘီစီဂျီ၊ ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန် အဆုတ်ရောင်ရောဂါကာကွယ်ဆေးနှင့် ပိုလီယိုရောဂါကာကွယ်ဆေးများ ထိုးနှံ တိုက်ကျွေးခြင်းများဆောင်ရွက်ပေးပြီး ကိုယ်ဝန်ဆောင်မိခင် ၁၆ ဦးတို့အား မေးခိုင် ကာကွယ်ဆေး ထိုးနှံပေးနေမှုကို တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိ သူများက သွားရောက်ကြည့်ရှုအားပေးပြီး ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အားဆေးဘူးများ ထောက်ပံ့ပေးအပ်ကာ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးသော ကျန်းမာရေး ဝန်ထမ်းများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။