ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးဝမ်းနည်းခြင်းသဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး

အမှတ်-၁၈၄၊ (၃)လွှာ၊ ဗိုလ်ဆွန်ပက်လမ်း၊

ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း-၀၁-၃၈၈၁၄၆၊ ၂၅၃၆၈၃၊ ၂၅၂၆၀၈၊ ၈၃၉၈၃၂၇၊ ၂၄၁၂၁၂၊၂၉၆၁၃၄

ဝမ်းနည်းခြင်းသဝဏ်လွှာ

၂၀၂၃ ခုနှစ် မေလ ၂၆ ရက်

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက) ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ(ဗန်းမော်ဆရာတော်ကြီး)သည် ၂၀၂၃ ခုနှစ် မေလ ၂၅ ရက် ကြာသပတေးနေ့ ည ၁၁ နာရီ ၁၁ မိနစ်အချိန်တွင် ပျံလွန်တော်မူကြောင်းသိရှိရပါသဖြင့် ဗုဒ္ဓဘာသာဝင် ပြည်သူများနှင့် ထပ်တူဝမ်းနည်းကြေကွဲရပါသည်။

ဆရာတော်ကြီး၏ ဗုဒ္ဓဘာသာ အကျိုးဆောင်ရွက်ချက်များနှင့်အတူ နိုင်ငံတွင်းရှိ ပြည်သူများအကြား စည်းလုံးညီညွတ်ရေးနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဆောင်ရွက်ချက်များသည်လည်း ဂုဏ်ပြု လေးစားဖွယ်ရာ စံနမူနာကောင်းအဖြစ် သမိုင်းဝင်လျက်ရှိနေမည်ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး