China-ASEAN Forum on Emerging Industriesဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း တက်ရောက်
နေပြည်တော် ဇူလိုင် ၄
China-ASEAN Forum on Emerging Industries သို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်တုံးပြည်နယ် ရှန်းကျန်းမြို့၌ ရောက်ရှိနေသော စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရှန်းကျန်းမြို့၌ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စက်မှုနှင့်သတင်း အချက်အလက် နည်းပညာဝန်ကြီးဌာန ဝန်ကြီး Mr. Jin Zhuanglong ဦးဆောင်သော အဖွဲ့နှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် လျှပ်စစ်ကားများ၊ ဆိုလာများ၊ ဆေးပစ္စည်းထုတ်လုပ်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော နည်းပညာများ လွှဲပြောင်းရရှိရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် China-ASEAN Forum on Emerging Industries ဖွင့်ပွဲအခမ်းအနားသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများနှင့်အတူ တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။