မြန်မာနိုင်ငံအမျိုးသမီးများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲနှင့် သီလရှင်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကျင်းပ
မြန်မာနိုင်ငံအမျိုးသမီးများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲနှင့် သီလရှင်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် စစ်တွေမြို့ လမ်းသစ်ရပ်ကွက် သုဓမ္မာပရိယတ္တိ သီလရှင်
စာသင်တိုက်၌ ကျင်းပသည်။
ရှေးဦးစွာ သုဓမ္မာပရိယတ္တိ သီလရှင်စာသင်တိုက် ပရိဝုဏ်အတွင်း၌ သစ်ပင်စိုက်ပျိုးပွဲကိုကျင်းပရာ ပြည်နယ ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဆွေဆွေမြတ်က ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့သို့ ပျိုးပင်များပေး အပ်ပြီး ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မြအေးက ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များထံသို့ ပျိုးပင်များပေးအပ်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက သတ်မှတ်နေရာများတွင် ကံ့ကော်ပင်နှင့် ခရေပင် ၁၀၀ ကျော်ကို စိုက်ပျိုးပေးကြကာ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးနှင့်တာဝန်ရှိသူများက သစ်ပင်များစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ထို့နောက် အဆိုပါသီလရှင်ကျောင်းတိုက်ဓမ္မာရုံ၌ သီလရှင်များအား လှူဖွယ်ပစ္စည်းဆက်ကပ် လှူဒါန်းခြင်းကို ဆက်လက် ကျင်းပရာ အခမ်းအနားသို့ ကြွရောက်တော်မူကြသော သီလရှင်ဆရာကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး အမှူးပြုသော ဧည့်ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားန်တော့ကာ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် သုဓမ္မာပရိယတ္တိသီလရှင်စာသင်တိုက်မှ သီလရှင်ဆရာကြီးနှင့် သီလရှင်များက မေတ္တသုတ်ပရိတ်တရားတော် ရွတ်ပွားချီးမြှင့်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးနှင့် တာဝန် ရှိသူများက သီလရှင်ဆရာကြီးများနှင့် သီလရှင်များအား အလှူငွေ၊ သီလရှင်ဝတ်စုံနှင့် သီလရှင်အသုံးအဆောင်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး သီလရှင်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြကြောင်း သိရသည်။