လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် OCHA တို့အကြား သဘောတူညီမှုစာလွှာ (LoA) သက်တမ်းတိုးလက်မှတ်ရေးထိုးနိုင်ရေးဆွေးနွေး

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် OCHA တို့အကြား သဘောတူညီမှုစာလွှာ (LoA) သက်တမ်းတိုးလက်မှတ်ရေးထိုးနိုင်ရေးဆွေးနွေး

နေပြည်တော် ဇူလိုင် ၄

 

 လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒေါက်တာ သက်သက်ခိုင်အား ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ၏   ယာယီအကြီးအကဲဖြစ်သူ  Ms. Danielle Parry ဦးဆောင်သော အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။

တွေ့ဆုံစဉ်   ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ၏ ယာယီ အကြီးအကဲဖြစ်သူ Ms. Danielle Parry မှ ရခိုင်ပြည်နယ်ရှိ မုန်တိုင်းသင့်သူများ အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်လိုသည့်ကိစ္စ၊ OCHA  ဝန်ထမ်းများ၏ ပြည်ဝင်ခွင့် ဗီဇာဆိုင်ရာ ကိစ္စများနှင့် ပြည်တွင်းခရီးသွားလာခွင့်ဆိုင်ရာ ကိစ္စများ တင်ပြသည်။

ပြည်ထောင်စုဝန်ကြီးက   အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီနှင့် လုပ်ငန်းကော်မတီ (၁၂)ရပ် ဖွဲ့စည်းထားရှိမှု၊ မိုခါဆိုင်ကလုန်းမုန်တိုင်း အတွက် နိုင်ငံတကာအကူအညီများနှင့် စပ်လျဉ်း၍ နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီ၏  ညှိနှိုင်းဆောင်ရွက်ပေးနေမှု၊ မိုခါမုန်တိုင်းဒဏ်သင့် ဒေသများသို့ နိုင်ငံတကာ အကူအညီများ ပေးပို့ရန်အတွက် ပေါင်းစပ်ညှိနှိုင်းမှု လုပ်ငန်းယန္တရားတစ်ရပ် ဖော်ဆောင်ရေးဆောင်ရွက်နေမှု၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့်  OCHA တို့အကြား သဘောတူညီမှုစာလွှာ (NCA) သက်တမ်းတိုးလက်မှတ်ရေးထိုးနိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။

တွေ့ဆုံပွဲသို့    အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်၊  ဦးစီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ   ပါဝင်တက်ရောက်ခဲ့ကြကြောင်း   သတင်းရရှိသည်။