ပြည်တွင်းအားနှင့် ပြည်တွင်းစီးပွားတိုးတက်ရေး

ပြည်တွင်းအားနှင့် ပြည်တွင်းစီးပွားတိုးတက်ရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇူလိုင် ၂၆ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီအစည်း အဝေး အမှတ်စဉ်(၆/၂၀၂၃)သို့ တက်ရောက်အမှာစကားပြောကြားရာတွင် နှစ်သောင်းတန်ငွေစက္ကူထုတ် ခဲ့ခြင်းကြောင့် ငွေကြေးဖောင်းပွမှု လုံးဝဖြစ်ပေါ်စေမည် မဟုတ်ကြောင်း၊ စီးပွားရေးအရ ကမောက်ကမဖြစ်စေ

ရန်အတွက်   နိုင်ငံရေးအရတိုက်ခိုက်မှုသာ ဖြစ်ကြောင်း၊ အစိုးရ၏ စီးပွားရေးလုပ်ငန်းများသည် အမြတ်အစွန်းထက်  တိုင်းပြည်ဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေရန်ဖြစ်ကြောင်း၊ အရှုံးပေါ်နေခြင်းလည်း မဖြစ်သင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  နိုင်ငံ့စီးပွားမြှင့်တင်ရေးကို အလေးထားဆောင်ရွက်လျက် ရှိသည်။  နိုင်ငံတော်၏ ဘဏ္ဍာငွေသုံးစွဲမှုတွင်  နိုင်ငံတော်၏ရငွေပိုင်းနှင့်ပတ်သက်၍  သာမန်ရငွေများ၊ ချေးငွေနှင့်ထောက်ပံ့ငွေများဟူ၍ ၃ ပိုင်းရှိသည်။ လက်ရှိနိုင်ငံတော် အစိုးရအနေဖြင့် ပြည်ပချေးငွေများ လုံးဝချေးယူခြင်းမရှိဘဲ ပြည်တွင်းငွေကြေးများဖြင့်သာ လည်ပတ်နေခြင်းဖြစ်သည်။ ပြည်ပထောက်ပံ့ငွေ အနေဖြင့်လည်း ၂၀၂၂ ခုနှစ် နှောင်းပိုင်းရောက်မှသာ အနည်းငယ်ရရှိသည့်အတွက် အချို့လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းဘဏ္ဍာငွေနှင့် စီးပွားရေးသည်    ပြည်တွင်းအင်အားအပေါ်၌သာ လုံးဝတည်မှီလျက် ရှိသည်။  နိုင်ငံ့စီးပွားတိုးတက်ရေးအတွက်  ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်ရေး  ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်လည်း  ၄ ရာခိုင်နှုန်းတိုးတက်မည်ဟု မျှော်မှန်းထားသည်။ ၂၀၂၀-၂၀၂၁ ခုနှစ်တွင်စီးပွားရေး ကျဆင်းခဲ့သည့် အခြေအနေမှ  ပြန်လည်ရုန်းထွက်နိုင်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည်   စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးရေးကိုအခြေခံသည့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းသည် ခိုင်မာသည့် ဈေးကွက်ရှိနေသည့်အပြင် ကမ္ဘာတစ်ဝန်းလိုအပ်လျက်ရှိသော ၤသသိ ှနခကမငအပ ကိုလည်းထောက်ပံ့ပေးနိုင်သောကြောင့် သေချာသည့်စီးပွားရေးလုပ်ငန်းဖြစ်သည်။ သေချာသည့် စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဆိုပါက မြန်မာနိုင်ငံ၏စီးပွားရေးမှာ ထပ်မံတိုးတက်နိုင်မည် ဖြစ်သည်။ ပြည်ပမှသွင်းကုန်များလျှော့ချပြီး ပြည်တွင်းမှထုတ်ကုန်များ ပြည်ပသို့ပိုမို တင်ပို့နိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုလျော့နည်းသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံမှ ထွက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ   ပြည်ပဈေးကွက်ရရှိရေးအတွက်   နိုင်ငံတကာဈေးကွက်ကို အမြဲမပြတ်သုတေသနပြုဆောင်ရွက်နေရန် လိုအပ်ပေသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းစားသုံးဆီလိုအပ်ချက်အတွက် စားသုံးဆီများကို ပြည်ပမှနှစ်စဉ်တင်သွင်း နေရသဖြင့် နိုင်ငံခြားငွေများစွာ သုံးစွဲကုန်ကျလျက်ရှိသည်။ ပြည်တွင်းစားသုံးဆီဖူလုံမှု ရှိစေရေးအတွက် ဆီထွက်သီးနှံများဖြစ်သည့် ပဲ၊ နှမ်း၊ နေကြာစိုက်ပျိုးခြင်းများကို နိုင်ငံတော်က အားပေးဆောင်ရွက်လျက် ရှိသည်။ ထို့အတူ  ဆီစက်များအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို   အားပေးဆောင်ရွက်လျက်ရှိသည်။ စားသုံးဆီကဲ့သို့  စက်သုံးဆီများကိုလည်း ပြည်ပမှနှစ်စဉ်တင်သွင်း နေရသည့်အတွက် စက်သုံးဆီ သုံးစွဲမှုများကို လျှော့ချနိုင်ရန်အတွက်  လျှပ်စစ်ဓာတ်အားသုံး အများပြည်သူပို့ဆောင်ရေးစနစ်များ တိုးတက်လာရေးနှင့် ပြည့်ဖြိုးမြဲစွမ်းအင်များမှ    လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများကို  တိုးတက်စေရေးကိုလည်း နိုင်ငံတော်ကအားပေး ဆောင်ရွက်လျက်ရှိသည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးတွင်   စပါးခွံဓာတ်ငွေ့လောင်စာသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းမှာလည်း   ဆောင်ရွက်သင့်သည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက်  အောင်မြင်စေရန်ကြိုးပမ်း လုပ်ဆောင်ကြရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးမှု များရှိနေပြီး အဆိုပါ ရော်ဘာစိုက်ပျိုးရာမှ ထွက်ရှိလာသည့်ကုန်ကြမ်းများကို အဆင့်မြှင့်တင်နိုင်မည်ဆိုပါက နိုင်ငံအတွက် ဝင်ငွေပိုမိုရရှိမည် ဖြစ်သည်။ နိုင်ငံတော်အစိုးရမှ ဆောင်ရွက်နေသည့် လုပ်ငန်းများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုအတွက် အထောက်အကူပြုသည့်လုပ်ငန်းများဖြစ်သဖြင့် လုပ်ငန်းများအားလုံးဝင်ငွေနှင့်ထွက်ငွေ ညီမျှနေရေး စနစ်တကျဖြင့်  အောင်မြင်အောင် ဆောင်ရွက်လျက်ရှိသည်။

စိုက်ပျိုးရေးတွင် အဓိကအသုံးပြုရသည်မှာ   စိုက်ပျိုးမြေများဖြစ်သည်။ စိုက်ပျိုးမြေများသုံးစွဲမှုနှင့် ပတ်သက်၍ စိုက်ပျိုးမြေများကို အခြားနည်းများဖြင့်သုံးစွဲလျက်ရှိခြင်းကြောင့် နိုင်ငံ၏စိုက်ပျိုးရေး လုပ်ငန်းများအတွက် ထိခိုက်နစ်နာမှုများဖြစ်ပေါ်လျက်ရှိသည်။ အဆိုပါပြဿနာကို အစိုးရအဆက်ဆက ဖြေရှင်းခဲ့ကြသော်လည်း ရှိနေဆဲပင်ဖြစ်ကြောင်းသိရှိရသည်။ ထို့ကြောင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြေအသုံးချမှုနှင့် ပတ်သက်၍ မှန်မှန်ကန်ကန် ဆောင်ရွက်ကြရမည်ဖြစ်ပြီး ပြဋ္ဌာန်း ဥပဒေများနှင့်အညီ စိစစ်ကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း လမ်းညွှန်ပြောကြားခဲ့ပါသည်။ အနှစ်ချုပ်ဆိုရသော် ပြည့်အင်အားသည်ပြည်တွင်းမှာသာ ရှိသည်ဆိုသည့်အတိုင်း နိုင်ငံစီးပွား မြင့်မားတိုးတက်ရေးအတွက် ပြည်သူတစ်ရပ်လုံးက နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ အကောင်းမွန်ဆုံးဖြစ်အောင် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း  ရေးသားလိုက်ရပေသည်။  ။