၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှုများ ကျင်းပ
ကျန်းမာပျော်ရွှင်ပညာသင်၊ စွမ်းရည်ထက်မြက် အနာဂတ်အတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှုများ မန္တလေးတိုင်းဒေသကြီးအဆင့်အခမ်းအနားကို သြဂုတ် ၁၅ ရက်တွင် ချမ်းအေးသာစံမြို့နယ် အမှတ်(၁၄)အခြေခံပညာ အထက်တန်းကျောင်း ပန်းမျိုး တစ်ရာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက အဓိကမျှော်တွေး၊ ကျန်းမာရေး ဂုဏ်ပြုသီချင်း သီဆို၍ အခမ်းအနား ဖွင့်လှစ်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ၊ မျှတသောအာဟာရ စားသုံးနိုင်ရေး ပြသထားမှု၊ ကျောင်းသား၊ ကျောင်းသူများအား စစ်မှန်သွားတိုက်ခြင်း သရုပ်ပြသမှု၊ သန်ချဆေးနှင့် သံဓာတ်အားဆေးများ တိုက်ကျွေးနေမှု၊ အာဟာရကျွေးမွေးနေမှု တို့ကို လိုက်လံကြည့်ရှု အားပေးသည်။
အခမ်းအနားသို့ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာ အဖွဲ့များ၊ တိုင်းဒေသကြီး၊ ခရိုင်၊မြို့နယ်ပညာရေးမှူးများ၊ ဆရာ၊ ဆရာမများ၊ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။