စက်မှုလုပ်ငန်းများတိုးတက်စေရေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံအတွင်းရှိထားပြီးဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများအား ပြည်တွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကိုအသုံးပြု၍ ပြန်လည်လည်ပတ်ထုတ်လုပ်နိုင်အောင် ဆောင်ရွက် ပေးလျက်ရှိသည်။ အချို့စက်ရုံ၊ အလုပ်ရုံများမှာ နည်းပညာ၊ အရင်းအနှီး၊ ကုန်ကြမ်းလိုအပ်ချက်များကြောင့် ရပ်ဆိုင်းထားခြင်း၊ ပိတ်သိမ်းခြင်းများ ရှိခဲ့သည့်အတွက် လိုအပ်သည်များကို နိုင်ငံတော်ကပံ့ပိုးကူညီကာ ပြန်လည်လည်ပတ်စေခြင်းဖြစ်သည်။ တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင် ပြု၍ ြှနြ စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးကို လုပ်ဆောင်နေ ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတစ်ဝန်းတွင် အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းများ များပြားစွာရှိသည်။အငယ် စားစက်မှုလုပ်ငန်းများမှာ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ရွာသစ်ကိုင်းတာကျေးရွာ၌ သံရည်ကျိုလုပ်ငန်း ၁၈ ခုမှ ပြည်တွင်းသုံး သံ၊ သတ္တုကုန်ကြမ်းနှင့်ပြည်ပပို့ကုန်များထုတ်လုပ်လျက်ရှိသည်။ ကဝမြို့နယ် သပြုစံပြ ကျေးရွာတွင် သံရည်ကျို၊ ဒန်၊ သတ္တုလုပ်ငန်းများလုပ်ကိုင်လျက်ရှိသည်။ ကဝမြို့နယ် သပြုစံပြကျေးရွာနှင့် ရွာသစ်ကျေးရွာတို့တွင် မော်တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ်သုံးစက်ပစ္စည်းများ၊ အသံချဲ့စက်ပစ္စည်းများ၊ အီလက်ထရွန်နစ်စက်ပစ္စည်းများ၊ ရေယာဉ်ပန်ကာ၊ အပ်ချုပ်စက်နှင့်လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်လျက်ရှိသည်။
မြန်မာနိုင်ငံရှိသံရည်ကျိုလုပ်ငန်း အများစုအနေဖြင့် မိရိုးဖလာနည်းစဉ်အတိုင်း သဲကြမ်းကိုအသုံးပြု သဖြင့် ကုန်ပစ္စည်း အရည်အသွေးကျဆင်းပြီး ဈေးကွက်တွင်အားနည်းချက်များရှိခဲ့သည်။ ယခုအခါသံရည် ကျိုခြင်း၊ ပုံလောင်းခြင်းများကို ခေတ်မီနည်းစနစ်များဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်စေရေး သင်တန်းများ ပို့ချပေးနေခြင်း၊ နည်းပညာများ မျှဝေပေးနေခြင်းတို့ကြောင့် သံ၊ သတ္တုလုပ်ငန်းများကို အဆင့်မြင့်နည်းပညာ များဖြင့်လုပ်ကိုင်သွားနိုင်မည် ဖြစ်သည်။ ပြည်တွင်းသုံးစွဲမှုဖူလုံစွာထုတ်လုပ်နိုင်ပြီး ပြည်ပသို့တင်ပို့နိုင်ရေး ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားရေးလည်းတိုးတက်လာမည်ဖြစ်သည်။ ပြည်ပပို့ကုန်များကို အရည် အသွေးပြည့်မီစွာထုတ်လုပ်နိုင်ခြင်း၊ တီထွင်ဆန်းသစ်မှုများ အဆက်မပြတ်ပြုလုပ်ခြင်းဖြင့် လုပ်ငန်းများပိုမိုတွင် ကျယ်လာမည်ဖြစ်သည်။ ဒေသတွင်းရှိလူငယ်များအား နည်းပညာများပြန်လည်မျှဝေ ပေးနိုင်မည်ဖြစ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာမည်ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း ဖြစ်ထွန်းနေသည့်စီးပွားရေးလုပ်ငန်းများအားလုံး၏ ၉၀ ရာခိုင်နှုန်းကျော်သည် အသေးစား၊ အငယ်စားနှင့်အလတ်စား (MSME) လုပ်ငန်းများဖြစ်သည်။ အဆိုပါလုပ်ငန်းများ၌ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွင် အရေးပါသည့် သံနှင့်သတ္တု အသေးစား၊ အလတ်စားလုပ်ငန်းများလည်း ပါဝင်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် MSME လုပ်ငန်းများအရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးတိုးတက်လာစေရန် ဒေသအလိုက် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီများကိုဖွဲ့စည်း၍ ကဏ္ဍအလိုက်လိုအပ်ချက်များကို အနီးကပ်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။ MSME လုပ်ငန်းရှင်များအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်လည်း ပံ့ပိုးပေးလျက်ရှိသည်။ ထို့ပြင် အတတ်ပညာ၊ နည်းပညာတတ်မြောက်ရေးအတွက် စက်မှု နည်းပညာရပ်များကို ဒေသအလိုက်သင်ကြားပေးလျက်ရှိသည်။
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်လာရေးအတွက် အသေးစား၊ အလတ်စား၊ အကြီးစားစက်မှုလုပ်ငန်း များမှာ အရေးပါသည့် ကဏ္ဍများဖြစ်သည်။ စက်မှုစွမ်းအား ခေတ်ကျော်လွှား ဆိုသည့်အတိုင်း စက်မှု ကဏ္ဍတိုးတက်မှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံသို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ စက်မှုလုပ်ငန်းများ အနေဖြင့် ပြည်တွင်း၌လိုအပ်သည့်ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပသွင်းကုန်များ လျှော့ချနိုင်ကာ နိုင်ငံခြားငွေသုံးစွဲမှုများ လျော့နည်းသက်သာလာမည်ဖြစ်သည်။ တိုင်းပြည်စီးပွားရေးကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးမြှင့်တင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ကိုသွားရောက်၍ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့သည်။ လုပ်ငန်းရှင်များ၏ တင်ပြချက် ၂၃၀ နှင့်ပတ်သက်၍ အစိုးရဌာနဆိုင်ရာများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၏ စုပေါင်းအင်အား နှင့်ပူးပေါင်းပံ့ပိုးဖြေရှင်းပေးလျက်ရှိသည်။ MSME လုပ်ငန်းတွင်လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို ပံ့ပိုးပေးနိုင်ရေးအတွက် လုပ်ငန်းကြီးများမှထွက်ရှိသော Metal Waste များကို သက်ဆိုင်ရာဌာနများနှင့် ကွန်ရက်ချိတ်ဆက်၍ ဆောင်ရွက်ပေးလျက်ရှိသည်။
စွန့်ပစ်ပစ္စည်းများကိုကုန်ကြမ်းအဖြစ်ပြန်လည်အသုံးပြုခြင်းဖြင့် Reduce, Reuse, Reycle & Recover ဆိုသည့် 4R Principle နှင့်အညီ ထုတ်ကုန်ပစ္စည်းအဖြစ် ပြန်လည်ရောင်းချနိုင်မည်ဖြစ်သည်။
ထိုသို့ပြန်လည်အသုံးပြုခြင်းအားဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရာ ရောက်သကဲ့သို့ သဘာဝ စွမ်းအင်များကိုလည်း ချွေတာရာရောက်ပါသည်။ အနှစ်ချုပ်ဆိုရသော် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ တိုးတက်မြင့်မားစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။