မောင်ရင်မောင် မမယ်မ

ယမန်နေ့မှအဆက်

ဤတပည့်မများ၏မောင်    မောင်ဘိုးရင်ဆိုသူသည် ရွှေဘိုမြို့ကထွက်သွားရာ ဤအရပ်သို့လာသည် သတင်း ကြားသောကြောင့် တပည့်တော်နှင့်တကွ ကိုဘိုးရင်၏ အဒေါ်ပါ လိုက်၍ရှာဖွေကြပါသည်၊ ကိုဘိုးရင် မည် သည့်လမ်းသို့သွားသည့်အကြောင်းကို အရှင်ဘုရား သတင်းကြားလျှင် တပည့်တော်တို့ သိပါရစေ လျှောက် လျှင် ဘုန်းတော်ကြီး  ဦးဝိစာရသည်  ဤသို့ဆို၏။ ဒကာ၊   ဒကာမလေးတို့-ဒကာ၊   ဒကာမလေးတို့ အကြောင်းအရာကို ငါရိပ်မိပြီ၊ မောင်ဘိုးရင်ကို လိုက်၍ ရှာဖွေမည်ဆိုသော် ဤအဝတ်နှင့်မတော်၊ မိန်းမအဝတ် ကိုလဲ၍ ယောကျ်ားအဝတ်ကို ဝတ်မှတော်လိမ့်မည်၊ မိန်းမအဝတ်ကိုလဲပြီးလျှင် ယောကျ်ားအဝတ်ကို ဝတ်၍လိုက်၊ မောင်ဘိုးရင်သည် ဤကျောင်းမှထွက်သွား သည်မှာ မကြာမမြင့်သေး၊ မောင်ဘိုးရင်ထံ သွားမည် ဆိုသော် မောင်ဘိုးရင်ထံပေးပို့လိုက်ရန် ငါ၌လည်း ပစ္စည်းတစ်ခုရှိသေးသည်၊  မောင်ဘိုးရင်သည်   ဤ ကျောင်းတွင်  တည်းခိုနေစဉ်အခါက ကာလဝမ်းရောဂါ စွဲကပ်ပြီးသည့်နောက် ချည့်နဲ့သောရောဂါစွဲကပ်ပြန် သဖြင့် ကိုယ့်ကိုယ်ကိုယ် မထူမထနိုင်ရှိလျှင်  သူ့၌ပါ သောထမ်းပိုးသည် ဤကျောင်းဇရပ်၌နေသော ဖိုးသူ တော်ဆွဲငင်ယူသွား ဖျောက်ဖျက်ပစ်လိုက်သောကြောင့် မောင်ဘိုးရင် ကျန်းမာသည့်ကာလတွင် အထူးဝီရိယ စိုက်ထုတ်၍ ရှာဖွေသည်၊ သည်ကဲ့သို့ရှာဖွေကြောင်း ငါ ဆရာသိရသဖြင့်လည်း ဤထမ်းပိုး၌ အနာဂတ်တစ် စုံတစ်ရာရှိမည်   တွေးထင်မိသဖြင့်   မောင်ဘိုးရင်မရှိ သည့်နောက် ငါဆရာ လိုက်လံရှာဖွေရာ ဤထမ်းပိုး ကို သချုႋင်းကုန်းက ရခဲ့သည်}} ဆိုပြီးလျှင် ကျောင်းခန်း အတွင်းသို့ ဝင်ရောက်သွားပြီးမှ ထမ်းပိုးကို မစောတင် အားပေးအပ်၏။

သည်ကဲ့သို့ ပေးအပ်ပြီးသည့်နောက် ဘုန်းကြီးက အမိန့်ရှိသည်မှာ ဒကာမကလေး-ယခု ငါပြောလိုသည့် စကားမှာ ကလေးစကားနှင့်တူသည်၊ သို့သော်လည်း ပြောရဦးတော့မည် ဆို၍ပြောသည်မှာ မောင်ဘိုးရင် သည် ငါ့ကျောင်း၌ နှစ်လကျော်နေထိုင်သွားသည်၊ သည်ကဲ့သို့ နေထိုင်သည်အတွင်း သူ မကျန်းမမာရှိ လျှင် တစ်နေ့သ၌ မစောတင်ရေ-ရေတစ်ခွက်ပေးလှည့် ပါ ဟစ်အော်ခေါ်ရှာသည်၊ မစောတင်ဆိုသော ဒကာမ သည် မည်သူနည်း ဟု ဘုန်းကြီးက မေး၏။ ထိုအခါ မစောတင်က ရှက်ကြောက်ခြင်းကြောင့် ရုတ်တရက် ပြန်၍မလျှောက်လျှင် မကြီးမိက ဤဒကာမကလေးပင်  ဖြစ်ပါသည်ဘုရားဟု  မစောတင်ကိုညွှန်၍ လျှောက်ပြီးနောက် မစောတင်လျှောက်သည်မှာ-

တပည့်တော်မမှာ အခြားမဟုတ်ပါ၊ ရွှေဘိုဝန်မင်း သမီးဖြစ်ပါသည်၊  တပည့်တော်မနှင့်  ကိုဘိုးရင်ကို တပည့်တော်မ၏မိဘက စိတ်တူသောကြောင့် လက် ထပ်ထိမ်းမြားမည်ရှိရာ ကိုဘိုးရင်က သူ့အမိထံ ပန်ကြား ဦးမှ သင့်မည်ဆိုပြီးလျှင် အမိထံ ပန်ကြားရအောင် ဤသို့ အရပ်ပြန်သွားပါသည်၊ ဤသို့ ပြန်သွားရာ ကြာ လွန်းခြင်းကြောင့် တပည့်တော်မ  လိုက်၍လာခဲ့ပါသည်၊ တပည့်တော်မသည် လမ်းစခန်း၌ အိပ်မက်မက် ပါသည်}} ဆိုပြီးလျှင် အိပ်မက်သည့်အကြောင်းကို ယခင်ဆိုခဲ့သည့်အတိုင်း ဘုန်းကြီးထံတွင် ပြောပြ၏။

ဘုန်းကြီးလည်း ဤအိပ်မက်ကား လွန်စွာထူးခြား  လှပါပေသည်တကားဟူ၍ ချီးမွမ်းပြီးသည့်နောက် အိပ်မက်သောနေ့ရက်နှင့် မောင်ရင်မောင်မကျန်းမမာ ရာမှ မစောတင်ကို တသသည့်နေ့ရက် တွက်ချက်ကြည့် ခြင်းကြောင့် တိုက်ဆိုင်မိလျှင် ဘုန်းကြီးကိုယ်တိုင်က အံ့သြခြင်းဖြစ်သည်။

ဤသို့လျှင် ဘုန်းကြီးဦးဝိစာရသည် မစောတင်နှင့် စကားပြောဆိုပြီးနောက် ဤသို့မှာထား၏။ ]]မောင် ဘိုးရင်ကိုရှာလိုသော် မကွေးမြို့၊ မကွေးမြို့ကလွန်လျှင် တောင်တွင်းမြို့၊    တောင်တွင်းမြို့ကလွန်ပြန်လျှင်လည်း နယ်ကျန်မြို့၊ နယ်ကျန်မြို့မှလွန်ပြန်လျှင်လည်း တောင်ငူမြို့သို့လိုက်လေ၊ မောင်ဘိုးရင်ကို ရှာရန်မှာ မခက်၊ မျက်လှည့်ဆရာ အယောင်ဆောင်၍သွားသည်၊ မျက်လှည့်ဆရာဆိုသည်မှာ ရွာတစ်ရွာတွင် တစ်ခါ တစ်ရံမှ ပေါ်ပေါက်သည်၊ ဒကာမကလေး မေးမြန်း၍ သာသွားလေ၊ သို့သော် တောင်တွင်းမြို့သို့ကျရောက်မှ သတင်းမရလျှင် တောင်တွင်းမြို့တွင် စောင့်ဆိုင်း၍သာ နေ၊  ရောက်လာလိမ့်မည်၊  တောင်တွင်းမြို့မှ  ရုတ် တရက်  လွန်၍သွားမည်မဟုတ်၊  သွားမည်ဆိုသော် ယခုအနေနှင့် သွား၍မတော်၊ ယခုသွားမည့်အရပ်ကား လူဆိုးသူဆိုးပေါများသောအရပ်ဖြစ်သည်၊ ယခုဝတ် ဆင်လာသောအဝတ်ကား   လူသူလေးပါးမြင်လျှင် စော်ကားရမ်းကားလိုသောအဝတ်ဖြစ်သည်၊ သို့ဖြစ် သောကြောင့် ပုဆိုးကလေးကိုဝတ်ဆင်၊ ယောကျ်ား အယောင်ဆောင်၍ သွားလေ၊ ရွှေဘိုဝန်မင်း မောင် ကျောက်ခဲဆိုသည်မှာ အခြားသူမဟုတ်၊ ငါနှင့် ငယ် သူငယ်ချင်း  ကျောင်းနေဖက်ဖြစ်သည်၊  ငါနှင့်အတူ တောင်ဖီလာကျောင်းတွင် စာသင်ဖူးသူဖြစ်သည်၊ ငါ စေခိုင်းသောကြောင့်  မင့်အဖ အပြစ်တင်လျှင်  ငါ့ တာဝန်ရှိပါစေလေဆို၏။

ဆက်လက်ဖော်ပြပါမည်။