လားရှိုးတက္ကသိုလ်တွင် အဆင့်မြင့်ပညာဦးစီးဌာနမှ ဆရာ၊ ဆရာမများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်တို့ တွေ့ဆုံ

လားရှိုးတက္ကသိုလ်တွင် အဆင့်မြင့်ပညာဦးစီးဌာနမှ ဆရာ၊ ဆရာမများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်တို့ တွေ့ဆုံ

နေပြည်တော်  စက်တင်ဘာ  ၁၄

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ရှမ်း ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်  ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် လားရှိုးတက္ကသိုလ်၌ အဆင့်မြင့်ပညာဦးစီးဌာနမှ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များရှိရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အတွက် လိုအပ်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်လာရန် ဆရာ၊ ဆရာမများက ရှေ့ဆောင်လမ်းပြ  ဆောင်ရွက်ပေးမှသာလျှင် အောင်မြင်မှုရရှိမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲက ပညာရေးကို အားသွန်ခွန်စိုက်  အားပေးဆောင်ရွက်နေသည်ကို ဆရာ၊ ဆရာမများ အသိဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများကို သင်ကြားဆုံးမလမ်းညွှန်သည့်အခါ ဗလငါးတန်နှင့်ပြည့်စုံစေရေး ဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က  လားရှိုးတက္ကသိုလ်၊  နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်များအတွက် ချီးမြှင့်ငွေများ ပေးအပ်ရာ တက္ကသိုလ်ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ဆရာမကြီးတို့က လက်ခံရယူကြ သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများသည် လားရှိုးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မောချယ်ရီခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်က တိုင်းပြည်၏နိုင်ငံရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံမှာ ပညာတတ်လူသားအရင်းအမြစ်များပေါများရန်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာတော်ပြီး လိမ္မာရေးခြား ရှိရန်၊ ကျောင်းတက်ပျော်အောင်ဆောင်

ရွက်ပေးကြရန်နှင့် ဆရာ၊ဆရာမများအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့်  လူငယ် ကျောင်းသားများကို  လူတော်လူကောင်းများအဖြစ် မွေးထုတ်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ လားရှိုးခရိုင်ပညာရေးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ချီးမြှင့်ငွေ များကိုပေးအပ်ရာ  ပညာရေးမှူးများက လက်ခံရယူကြပြီး ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။

ယင်းနောက် လားရှိုးမြို့ ဂိုဏ်းပေါင်းစုံ ခရစ်ယာန်အသင်းတော်များကောင်စီသို့ သွားရောက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရန်ကျော်က နှုတ်ခွန်းဆက်စကားပြောကြားပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဂိုဏ်းပေါင်းစုံ ခရစ်ယာန် အသင်းတော်ကောင်စီ အဖွဲ့ဝင်များကို ချီးမြှင့်ငွေများပေးအပ်ရာ ဂိုဏ်းပေါင်းစုံခရစ်ယာန် အသင်းတော် ကောင်စီ တာဝန်ရှိသူများက လက်ခံရယူကြပြီး  ကက်သလစ်အသင်းတော် ကျောင်းထိုင် ဆရာတော်  Father Gorge က အထူးမေတ္တာပို့ဆုတောင်းနှင့်   ကောင်းချီး မင်္ဂလာပေးခဲ့ကြောင်း သိရသည်။