ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တွေ့ဆုံ
နေပြည်တော် စက်တင်ဘာ ၁၄
အကြိမ်(၂၀)မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် အကြိမ်(၂၀)မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့သို့ ရောက်ရှိနေသည့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးသည် ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ Mr. Lan Tianli နှင့် ယနေ့ညနေပိုင်းတွင် နန်နင်းမြို့ လိယွမ်နိုင်ငံတော် ဧည့်ဂေဟာ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် နှစ်စဉ်ပါဝင်ပြသခြင်းဖြင့် တရုတ်နိုင်ငံနှင့်သာမက အခြားအာဆီယံ နိုင်ငံများနှင့်လည်း ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ကွမ်ရှီးဒေသတွင် ထူထောင်ထားရှိသည့် သစ်သီးဝလံဈေးကွက်သို့ မြန်မာနိုင်ငံမှ သစ်သီးဝလံများ တင်ပို့ရောင်းချနိုင်ရေး၊ မြန်မာနိုင်ငံနှင့် တိုင်းရင်းဆေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အဆင့်မြင့် နည်းပညာဖြန့်ဝေပေးနိုင်ရေး၊ ခရီးသွားကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။