နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင်-၇၀၀)၊ နှစ်(၁၀၀)ပြည့်အခမ်းအနား၊ ဓာတ်ရောင်ခြည်နှင့် ကင်ဆာရောဂါကုသဆောင်ဖွင့်ပွဲနှင့် အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင်-၇၀၀)၊  နှစ်(၁၀၀)ပြည့် အခမ်းအနား၊ဓာတ်ရောင်ခြည်နှင့်ကင်ဆာရောဂါကုသဆောင်ဖွင့်ပွဲနှင့်အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ချီးမြှင့်ဂုဏ်ပြုအမှာစကားပြောကြား

နေပြည်တော်၊ အောက်တိုဘာ ၂ ရက်

အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင်-၇၀၀)၊ နှစ်(၁၀၀)ပြည့် အခမ်းအနား၊ ဓာတ်ရောင်ခြည်နှင့် ကင်ဆာရောဂါကုသဆောင်ဖွင့်ပွဲနှင့် အကြိမ်(၃၀)မြောက် မြန်မာ့ တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ အဆိုပါဆေးရုံ၌  ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ချီးမြှင့်သည်။

အဆိုပါ အခမ်းအနားများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အတူ  ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် တာဝန်ရှိသူများ၊ အငြိမ်းစားဆေးဝန်ထမ်းတပ်ဖွဲ့ဝင် အရာရှိကြီးများ၊ ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး၊ တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင် ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင် တို့က အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင်-၇၀၀)၊ နှစ်(၁၀၀)ပြည့် အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင်-၇၀၀)၊ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ဆိုင်းဘုတ် အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး တက်ရောက် လာကြ သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ဆက်လက်၍  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က အမှတ်(၁) တပ်မတော်ဆေးရုံ(ခုတင်-၇၀၀)၊ နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်၊ ဓာတ်ရောင်ခြည်နှင့် ကင်ဆာရောဂါကုသဆောင် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။

ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပတ်ဖျန်းပေးကြပြီး ဓာတ်ရောင်ခြည် နှင့်ကင်ဆာကုသဆောင်အတွင်း လှည့်လည်ကြည့်ရှုကြပြီး ကင်ဆာဆောင်၌ တက် ရောက် ဆေးကုသမှုခံယူလျက်ရှိသည့်လူနာများအား လိုက်လံကြည့်ရှု့အားပေးကာ စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင်-၇၀၀)၊ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်နှင့် အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ အထိမ်းအမှတ် ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် အခမ်းအနားသည် ဆေးဝန်ထမ်းတပ်ဖွဲ့၏ ဆေးရုံကြီးတစ်ရုံဖြစ်သည့် အမှတ်(၁) တပ်မတော်ဆေးရုံ(ခုတင်-၇၀၀) တည်ထောင်ခဲ့သော နှစ်(၁၀၀)ပြည့်သည့် အခမ်းအနား ပင်ဖြစ်ကြောင်း၊ ဆေးရုံကြီးကို ၁၉၂၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ခေတ် အဆက်ဆက် ကောင်းမြတ်သည့် အစဉ်အလာများကို လက်ဆင့်ကမ်း ထိန်းသိမ်း လာခဲ့သည့်အတွက် ယခုအခါတွင် အလွန်ဂုဏ်ယူဖွယ်ရာ နှစ်(၁၀၀)ပြည့် အခမ်းအနားသို့ ရောက်ရှိခဲ့ကြောင်း၊ ထို့အတူ ဆေးဝန်ထမ်းတပ်ဖွဲ့၏ သုတေသန ဆောင်ရွက်ချက်များကို နိုင်ငံတကာအထိ ရောက်ရှိအောင် တင်ပြနိုင်သည့် အကြိမ် (၃၀)မြောက် မြန်မာ့ တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ရှည်လျားလှသော သမိုင်းကြောင်း ရှိသည့် အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင်-၇၀၀)(ပြင်ဦးလွင်) ၌ ယခုနှစ်တွင် ကျင်းပနိုင်ခဲ့ခြင်းသည်လည်း အလွန်ပင်ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း။

အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင်-၇၀၀) ဆေးရုံ၏ ရှည်လျားသည့် သမိုင်း ကြောင်းကို ပြန်ပြောင်းကြည့်မည်ဆိုပါက ၁၉၂၃ ခုနှစ်တွင် အင်္ဂလိပ်တို့သည် British Militry Hospital အဖြစ် ပြင်ဦးလွင်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ စတင်ဖွဲ့စည်းစဉ်က ခုတင်- ၂၅ လုံးဆံ့ ဆေးရုံအဖြစ် စတင်တည်ထောင်ထားရှိခဲ့ပြီး အင်္ဂလိပ်လူမျိုး စစ်မှုထမ်းအရာရှိများကိုသာ တက်ရောက်စေခဲ့သည်ဟု အမိန့်မှတ်တမ်းများအရ သိရှိရ ကြောင်း။

၁၉၃၁ ခုနှစ်တွင် ခုတင်-၅၀ ဆံ့ ဗြိတိသျှ စစ်ဆေးရုံ၊ ၁၉၄၃ ခုနှစ်တွင် အမှတ်(၈) စစ်ဆေးရုံ(ခုတင်-၁၀၀) ၊ ၁၉၄၆ ခုနှစ်တွင် အမှတ်(၁)စစ်ဆေးရုံ(မေမြို့)၊ ၁၉၄၈ ခုနှစ်တွင် ဗမာ့တပ်မတော်ဆေးရုံ(ခုတင်-၃၀၀)အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ ကြောင်း၊ ၁၉၅၃ ခုနှစ်တွင် အခြေစိုက်စစ်ဆေးရုံ(ခုတင်-၅၀၀) အဖြစ်တိုးချဲ့ကာ လူနာ များကို ပိုမိုလက်ခံကုသခဲ့ပြီး ကုသရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ၁၉၆၃ ခုနှစ်တွင် အမှတ်(၁)အခြေချစစ်ဆေးရုံ(ခုတင်-၅၀၀) အဖြစ် အမည်ပြောင်းလဲ ခဲ့ကြောင်း၊ ထိုသို့ ပြောင်းလဲခဲ့ရာ ၁၉၈၆ ခုနှစ်တွင် အမှတ်(၁)အခြေချစစ်ဆေးရုံ (ခုတင်-၇၀၀)၊ ၂၀၀၂ ခုနှစ်တွင် အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင်-၇၀၀)အဖြစ် ပြောင်းလဲ ဖွဲ့စည်းနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ၂၀၁၆ ခုနှစ်၊ ၂၀၂၀ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်များတွင် ဌာနများ တိုးချဲ့ပြီး ဖွဲ့စည်းပုံပြင်ဆင်နိုင်ခဲ့ကြောင်း။

ဆေးရုံကို စတင်ဖွင့်လှစ်ခဲ့စဉ်က အုပ်ချုပ်မှုအဆောက်အဦ ၆ လုံး၊ ဆေးကုသမှု အဆောက်အဦ ၁၀ လုံးနှင့် လူနေအဆောက်အဦ ၅ လုံး၊ စုစုပေါင်း ၂၁ လုံးတို့ဖြင့် စတင်ဖွင့်လှစ်ခဲ့ရာမှ ယခုအချိန်တွင် အုပ်ချုပ်မှုအဆောက်အဦ ၃၁ လုံး၊ ဆေးကုသမှု အဆောက်အဦ ၃၈ လုံး နှင့် လူနေအဆောက်အဦ ၁၀၇ လုံး၊ စုစုပေါင်း ၁၇၆ လုံး အထိ အဆင့်ဆင့် တိုးချဲ့တည်ဆောက်နိုင်ခဲ့သည်ကို တွေ့ရှိရမှာဖြစ်ကြောင်း။

ဆေးရုံကြီးတွင် အဆောက်အဦပိုင်းဆိုင်ရာ တိုးတက်သည့် နည်းတူ ကုသမှု ဆိုင်ရာ စွမ်းဆောင်ရည်များသည်လည်း တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာသည်ကို တွေ့ရှိရပါကြောင်း၊ ဆေးရုံစတင်ဖွင့်လှစ်ချိန် အစောပိုင်းကာလများ၌ အထွေထွေ ကုသမှု များကိုသာ ဆောင်ရွက်နိုင်ခဲ့သော်လည်း ခေတ်အဆက်ဆက် ကြိုးပမ်းအားထုတ်မှု များကြောင့် အဆင့်မြင့် အထူးကုသမှုများအား တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်နိုင်ခဲ့ ကြောင်း၊ ဆေးရုံကြီး၏ ထူးခြားသော စွမ်းဆောင်ရည်များအနေဖြင့် ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ဆေးပညာကုသမှုဌာနအား ၁၉၉၈ ခုနှစ်တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး လူနာပေါင်း ၇၀၀၀ ကျော်ကို သွေးသန့်စင်ပေးနိုင်မှု အကြိမ်အနေဖြင့် ၁၉၂၅၀ ခန့်  ဆောင်ရွက်ပေးနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း။

ထို့အပြင် ၁၉၉၈ ခုနှစ်မှစတင်၍ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါ များအတွက် မှန်ပြောင်းနှင့် ရောဂါရှာဖွေကုသရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင် ခဲ့သည်ကို တွေ့ရှိရကြောင်း၊ မှန်ပြောင်းမှတစ်ဆင့် သည်းခြေကျောက်တည်လူနာ ၁၁၉၄ ဦး အပါအဝင် စုစုပေါင်းလူနာ ၉၉၃၀ ဦးကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည် ကို တွေ့ရှိရကြောင်း၊ နှလုံးကုသမှု ဆေးပညာဌာနကို ၂၀၀၈ ခုနှစ်တွင် စတင်ဖွင့်လှစ် ခဲ့ ပြီး နှလုံး၏ လုပ်ဆောင်နိုင်မှုကို စမ်းသပ်ခြင်း၊ နှလုံးသွေးကြောကျဉ်းရောဂါ ရှိ/မရှိ စမ်းသပ်ခြင်းနှင့် နှလုံးစည်းချက် မှန်ကန်မှု ရှိ/မရှိ စမ်းသပ်ခြင်းများကိုလည်း လုပ်ဆောင် နိုင်ခဲ့ကြောင်း၊ ယနေ့အချိန်အထိ နှလုံးသွေးကြောချဲ့ကုသခြင်း ၃၅၅ ဦးအပါအဝင် စုစုပေါင်း လူနာ ၁၅၈၅ ဦးကို ကုသပေးနိုင်ခဲ့ကြောင်း။

ကျောက်ကပ်နှင့်ဆီးလမ်းကြောင်း ခွဲစိတ်ကုသမှုဌာန အနေဖြင့် ကျောက်ကပ် အစား ထိုးခွဲစိတ်ကုသပေးနိုင်ခဲ့သောလူနာ ၃၈ ဦးအပါအဝင် စုစုပေါင်းလူနာ ၁၉၇၄ ဦးကို ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသမှု ဌာန အနေဖြင့် အရေးပေါ်ခွဲစိတ်ကုသခြင်းအပါအဝင် ဦးနှောက်နှင့် အာရုံကြော ဆိုင်ရာရောဂါ စုစုပေါင်း ၇၈၁ ဦးအား အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း။

ထိခိုက်ဒဏ်ရာနှင့် အရိုးအကြောကုသမှုဌာနအနေဖြင့် အရိုးရောဂါ အကြီးစား ခွဲစိတ်ကုသမှုပေါင်း ၂၆၈၄ ဦး ၊ အသေးစားခွဲစိတ်ကုသမှုပေါင်း ၃၄၆၉ ဦး ၊ စုစုပေါင်း လူနာ ၆၁၅၃ ဦးအား အောင်မြင်စွာ ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊  ဆေးရုံကြီးတွင် ရောဂါရှာဖွေမှုများကို ဆောင်ရွက်လျက်ရှိသည့် ဓာတ်မှန်နှင့် ပုံရိပ်ဖော် နည်းပညာဌာနအနေနှင့် ကွန်ပျူတာဓာတ်မှန်စက်(CT Scan) အသုံးပြု၍ ရောဂါရှာဖွေ ခြင်း ၇၆၆၉ ဦး၊ သံလိုက်လိုင်း အသုံးပြုရောဂါရှာဖွေခြင်း (MRI Scan) ၂၃၁၀ ဦး အပါအဝင် စုစုပေါင်းလူနာ ၁၂၂၄၈ ဦးအား ရောဂါရှာဖွေခြင်းများ ဆောင်ရွက်ပေးနိုင် ခဲ့ကြောင်း။

ထို့အပြင်ဆေးရုံကြီး ဖွင့်လှစ်ချိန်ကစ၍ ယနေ့အချိန်အထိ ကလေးငယ်ပေါင်း ၃၁၀၇၁ ဦး ကို မွေးဖွားသန့်စင်ပေးနိုင်ခဲ့ပြီး ယခုကဲ့သို့ အန္တရာယ်ကင်းစွာဖြင့် မွေးဖွား ပေးနိုင်ခဲ့သည့် အတွက် အသက်ပေါင်းများစွာကို ကယ်တင်ပေးနိုင်ခဲ့ပြီး နိုင်ငံတော် အတွက် တန်ဖိုးရှိသည့် သားကောင်း၊ သမီးကောင်း ရတနာများ ပေါ်ထွန်းစေ နိုင်ခဲ့ကြောင်း။

ယခုကဲ့သို့ အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင်-၇၀၀)၏ နှစ်(၁၀၀)ပြည့် အခမ်းအနားနှင့်အတူ ယနေ့တွင် အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော် ဆေးပညာ ရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကိုလည်း တစ်ပေါင်းတည်း ဖွင့်လှစ် ပေးသွားမှာဖြစ်ကြောင်း။

ဆေးဝန်ထမ်းတပ်ဖွဲ့သည် စတင်တည်ထောင်စဉ်ကပင် ကုသရေး၊ ရောဂါရှာဖွေ ရေးနှင့် ကာကွယ်ရေးလုပ်ငန်းများအပြင် ဆေးသုတေသနလုပ်ငန်းများကိုပါ ဆောင် ရွက်ခဲ့ကြောင်း၊ ထိုသို့ သုတေသန တွေ့ရှိချက်များကို ၁၉၉၀ ပြည့်နှစ်ကပင် စတင်ခဲ့ပြီး ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများ ကျင်းပလာခဲ့သည်မှာ ယခုအကြိမ်(၃၀) ပြည့်မြောက်ခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့ ခေတ်မီတိုးတက်ပြောင်းလဲလာသည့် ဆေးပညာ ရပ်များနှင့်အညီ နှီးနှောဖလှယ်ပွဲများတွင် တင်သွင်းခဲ့သော ဆေးပညာရပ်ဆိုင်ရာ အကြောင်းအရာများသည်လည်း မျက်မှောက်ခေတ် အခြေအနေများနှင့်အညီ အဆင့်မြင့်  တိုးတက်လာခဲ့သည်ကို တွေ့ရှိရကြောင်း၊ အကြိမ်(၃၀)မြောက်အထိ ဖြတ်သန်းလာခဲ့ သည့် ခရီးစဉ်တစ်လျှောက်တွင် စာတမ်းပေါင်း (၁၅၄၄)စောင် ၊ ပိုစတာပေါင်း(၉၂၀) စောင်၊ ဟောပြောဆွေးနွေးမှုပေါင်း (၂၃၁)ခု စသည်တို့ကို တင်သွင်းဖော်ပြနိုင်ခဲ့ခြင်းသည် လည်း ဆေးဝန်ထမ်းတပ်ဖွဲ့၏ ဂုဏ်ယူဖွယ်ရာ သမိုင်းမှတ်တိုင်များပင်ဖြစ်ကြောင်း။

သုတေသနများမှ ရရှိလာသော တွေ့ရှိချက်များအား ရောဂါရှာဖွေရေး၊ ကုသ ရေးနှင့် ကာကွယ်နှိမ်နင်းရေး နယ်ပယ်များတွင် အသုံးပြုခြင်းအားဖြင့် တပ်မတော်နှင့် နိုင်ငံတော်အတွက် အကျိုးကျေးဇူးများစွာ ရှိစေခဲ့ကြောင်း၊ အထူးသဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဆောင်ရွက်နိုင်ခဲ့သည့် သုတေသန တွေ့ရှိချက်များသည် ရောဂါ ကာကွယ်ရေး၊ ရှာဖွေရေးနှင့် ကုသရေးလုပ်ငန်းများတွင်များစွာ အကျိုးရှိရှိ အသုံးချနိုင် ခဲ့ပြီး အောင်မြင်မှုများ များစွာရရှိခဲ့သည်ကို တွေ့ရှိရမှာဖြစ်ကြောင်း။

ယခုကျင်းပသည့် အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင် ရာ နှီးနှောဖလှယ်ပွဲကို “ ကျန်းမာရေးစနစ် ပြောင်းလဲမှုများတွင် တပ်မတော်ဆေးပညာ ရှင်များ၏ စွမ်းရည်မြှင့်တင်ခြင်း”  ဆိုသည့်ခေါင်းစဉ်ကို အခြေခံပြီး ဆွေးနွေးသွားမှာ ဖြစ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့်လည်း အဆိုပါခေါင်းစဉ်အပေါ်တွင် အခြေခံပြီး မိမိတို့၏ အတွေ့အကြုံ ၊ ဗဟုသုတများနှင့် အမြင်ချင်းဖလှယ်ကာ ဆွေးနွေးမှု များ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း။

ယခုကဲ့သို့ဆောင်ရွက်ခြင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ် ၅ ရပ် ချမှတ်ပြီး ဦးတည်ချက် ၉ ရပ်ကို အကောင်အထည်ဖော်ရာတွင် လူမှုရေးဦး တည်ချက် ၃ ရပ်အနက်   တစ်မျိုးသားလုံးအသိပညာ၊ အတတ် ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကား လာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်‌ဖော် ဆောင်ရေးနှင့် တစ်မျိုးသားလုံး သက်ရှည်ကျန်း မာကြံ့ခိုင် စေရေးအတွက် ပြည်သူအားလုံး အကျိုးဖြစ်မည့် ကျန်းမာရေး ကဏ္ဍနှင့်အားကစား မြှင့်တင်မှု ဆောင်ရွက်ရေး ဦးတည်ချက်ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမှာ ဖြစ်သကဲ့သို့ အသစ် ဖွင့်လှစ်လိုက်သည့် ကင်ဆာရောဂါ ကုသရေးစင်တာ ၁ ခုကလည်း ပြည်သူများအားလုံး  ၏ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍကို အထောက်အကူများစွာ ပြုနေပြီးဖြစ်ပါကြောင်း။

ယခုနှစ် နှီးနှောဖလှယ်ပွဲတွင် သုတေသန စာတမ်းပေါင်း (၇၂) စောင်၊ သုတေ သန ပိုစတာပေါင်း(၁၁၂)စောင်၊ ဟောပြောဆွေးနွေးမှု (၃၂)ခုနှင့် အခြားအစီအစဉ်များ ပါဝင်သည်ကို တွေ့ရှိရကြောင်း၊ ယခုနှစ် ဖတ်ကြားတင်သွင်းဆွေးနွေးကြမည့် စာတမ်း များ၊ ပိုစတာများတွင် ဉာဏ်ရည်တု နည်းပညာ ၊ ကူးစက်ရောဂါနှင့် မကူးစက်တတ် သော ရောဂါများ၊ အာဟာရသုတေသနဆိုင်ရာများ၊ ကိုယ်အင်္ဂါ အစိတ်အပိုင်း အစားထိုးခွဲစိတ် ကုသမှုဆိုင်ရာများ၊ ပြန်လည်သန်စွမ်းရေး ဆေးပညာ ဆိုင်ရာများ၊ အဆင့်မြင့် ကင်ဆာ ကုထုံးဆိုင်ရာများ၊ စစ်မြေပြင် ဆေးကာ ကွယ်ပေးခြင်းဆိုင်ရာ သုတေသနများ စသည့် ကဏ္ဍအစုံ လွှမ်းခြုံပါဝင်နေသည်ကို တွေ့ရှိ ရမှာဖြစ်ကြောင်း။

ဆေးဝန်ထမ်းတပ်ဖွဲ့တွင်ရှိသည့် တပ်မတော်ဆေးသုတေသနတပ် ၊ တပ်မတော် ဆေးတက္ကသိုလ် ၊ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ၊ တပ်မတော်ဆေးရုံနှင့်  ဆေးတပ်ရင်းများက သုတေသီများသည် တပ်မတော်သားများနှင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အထောက်အကူပြုနိုင်ရန်အတွက် ဆေး ပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများကို နိုင်ငံတကာ အဆင့်မီဆောင်ရွက်လျက်ရှိသည်ကို ဂုဏ်ယူဖွယ်ရာအဖြစ် ပြောကြားလိုပါကြောင်း။

ဆေးဝန်ထမ်းတပ်ဖွဲ့သည် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနှင့်အတူ ပေါက်ဖွား လာခဲ့ခြင်းဖြစ်၍ ယခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် (၇၆)နှစ် တင်းတင်း ပြည့်မြောက်ခဲ့ပြီးဖြစ်ကြောင်း၊ သမိုင်းကြောင်းကောင်းသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ  သည် တိုင်းပြည်တာဝန်များကို ကျရာကဏ္ဍများမှ ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ကြ ကြောင်း၊ တပ်မတော်က ဆင်နွှဲခဲ့သည့် စစ်ဆင်ရေးကြီးများတွင်လည်း ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များအနေဖြင့် ရှေ့တန်းကျကျ ဆေးကာကွယ်ပေး တာဝန်များကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့ကြကြောင်း၊ ပြင်ဦးလွင်မြို့တွင်ရှိသည့် အမှတ်(၁)တပ်မတော်ဆေးရုံ (ခုတင်-၇၀၀)ရှိ တပ်ဖွဲ့ဝင်များသည်လည်း ကွမ်းလုံ ရက်(၄၀)တိုက်ပွဲ ၊ ပါဂျိုနားဖော့ တိုက်ပွဲ၊ လုပီ-လဂျားယန်းတိုက်ပွဲ၊ လောက်ကိုင်-မုန်းကိုးတိုက်ပွဲ စသည့် တိုက်ပွဲကြီး များတွင် ရှေ့တန်းကျကျ သက်စွန့်ကြိုးပမ်း တာဝန်ထမ်းဆောင်နိုင်ခဲ့ကြပြီး စစ်ဆင်ရေး ကြီးများ ဆောင်ရွက်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများအတွက် လိုအပ် သည့် ဆေးဘက်ဆိုင်ရာကုသမှုများကို စွမ်းစွမ်းတမံ ဆောင်ရွက်ပေးနိုင်ခဲ့သည်ကို တွေ့မြင်ရမှာဖြစ်ကြောင်း။

ဆေးဝန်ထမ်းဝင်များသည် စစ်မြေပြင်ဆေးကာကွယ်ပေးတာဝန်များအပြင် အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ ၊ ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့် ရှောက်မှု များကိုလည်း နိုင်ငံအနှံ့အပြားတွင် ရှိသည့် ဆေးရုံ၊ ဆေးတပ်ရင်းများတွင် ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရမှာဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးနိုင်ရန် အတွက်လည်း တပ်မတော်ဆေးရုံ(ခုတင်-၂၅)အဆင့်မှ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)အဆင့်အထိ လိုအပ်သည့်နေရာများတွင် တိုးချဲ့ဖွဲ့စည်းပေးခဲ့ ကြောင်း။

ရောဂါကာကွယ်နှိမ်နင်းရေးအတွက် ကျန်းမာရေးနှင့်ရောဂါနှိမ်နင်းရေးတပ် ကို ဖွဲ့စည်းထားရှိသကဲ့သို့ အထူးကုဆေးရုံများအနေဖြင့် တပ်မတော်အရိုးရောဂါ အထူးကု ဆေးရုံကြီး၊ တပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီးနှင့် ကိုယ်လက် အင်္ဂါ ပြန်လည်သန်စွမ်းရေးဆေးရုံများကိုလည်း ဖွင့်လှစ်ထားရှိကြောင်း၊ ထို့အပြင် ရောဂါကုသ မှုများနှင့်ပတ်သက်၍ ဆေးရုံများကိုလည်း အဆင့်မြှင့်တင်ခဲ့ရာ ယခုအချိန်တွင် ကျောက်ကပ်အစားထိုးကုသနိုင်သော ဆေးရုံ ၄ ရုံ၊ အသည်းအစားထိုးကုသနိုင်သော ဆေးရုံ ၁ ရုံ၊ နှလုံးသွေးကြောရောဂါရှာဖွေခြင်းနှင့် သွေးကြောချဲ့ကုသနိုင်သောဆေးရုံ  ၄ ရုံ၊ နှလုံးခွဲစိတ်ကုသနိုင်သော ဆေးရုံ  ၂ ရုံ၊ အစာအိမ်နှင့်အူလမ်းကြောင်းကို မှန်ပြောင်း ဖြင့်ခွဲစိတ်ကုသနိုင်သော ဆေးရုံ ၅ ရုံရှိပြီးဖြစ်ကြောင်း။

ထိုကဲ့သို့ ကြိုးစားဆောင်ရွက်နိုင်ခဲ့သည့်အတွက် တပ်မတော်အနေဖြင့် ကျောက်ကပ် အစားထိုးလဲလှယ်ခြင်း၊ နှလုံးခွဲစိတ်ကုသခြင်း၊ နှလုံးခုန်နှုန်းထိန်းညှိစက် ထည့်သွင်း ခြင်း၊ နှလုံးသွေးကြော Stent ထည့်ကုသခြင်း၊ ဦးနှောက်နှင့် ရင်ခေါင်း ခွဲစိတ် ကုသခြင်းစသည့် အဆင့်မြင့်ကုသမှုမျိုးစုံကို နိုင်ငံတကာနှင့်ရင်ဘောင်တန်းကာ ဆောင် ရွက်လာနိုင်ခဲ့ခြင်းသည် ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း၊ လွန်ခဲ့သည့် တစ်နှစ် အတွင်းတွင် အသည်းအစားထိုးခွဲစိတ်ကုသမှု ၈ ကြိမ်ကို အောင်မြင်စွာ ခွဲစိတ်နိုင် သည်ကို တွေ့ရှိရ သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းကို ထည့်သွင်း ပြောကြားလိုကြောင်း။

ယနေ့အချိန်တွင် နိုင်ငံတကာနှင့် နိုင်ငံအတွင်းမှာပင် ကိုဗစ်-၁၉ ရောဂါ ကြောင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ လျှော့နည်းကျဆင်းလာမှုများ တွေ့ကြုံနေ ရသည်ကို တွေ့ရမှာဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း  ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၏ လုပ်ငန်းခွင် စွန့်ခွာမှု များ ပြုလုပ် လာခဲ့သည့်အတွက် နိုင်ငံတစ်ဝှမ်းရှိသည့် ကျန်းမာရေးဝန်ထမ်းအင်အားသည် များစွာ လျော့နည်းခဲ့ရကြောင်း၊ ထိုသို့ လျော့နည်းခဲ့သည့်အတွက် လစ်ဟာသွားသည့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အမှတ်(၁)တပ်မတော် ဆေးရုံ(ခုတင်-၇၀၀) အပါအဝင် တပ်မတော် ဆေးရုံ၊ ဆေးတပ် များမှ တိုးမြှင့်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအထိ ပြင်ပလူနာ (၅၁၀၃၆၃)ဦး၊ ဆေးရုံတက်လူနာ(၁၅၅၂၁၇)ဦးတို့ကို ပြုစုစောင့်ရှောက်ပေး နိုင်ခဲ့ပါကြောင်း။

တပ်မတော်အနေဖြင့် နိုင်ငံအနှံ့အပြားတွင် ရှိသည့် ဆေးရုံ၊ ဆေးတပ်များတွင် တာဝန်ထမ်းဆောင်ရန် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ပေးနိုင်ရန် အတွက်လည်း ကြိုးစားဆောင်ရွက်နေသည်ကို တွေ့ရမှာဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်ဆေးတက္ကသိုလ် ၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ၊ တပ်မတော်ဆေးဘက်ဆိုင်ရာသင်တန်းကျောင်းများက တစ်ဆင့် ဆရာဝန်၊ သူနာပြု များကို  စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိကြောင်း။

တပ်မတော်ဆေးတက္ကသိုလ်အနေဖြင့် ဆေးပညာဘွဲ့များအပြင် ပညာရပ်ပိုင်း ဆိုင်ရာ အဆင့်မြင့်ဘွဲ့များဖြစ်သည့် ဆေးပညာဘွဲ့လွန် ဒီပလိုမာအမျိုးအစားပေါင်း ၁၆ ခု၊ ဆေးပညာမဟာသိပ္ပံဘွဲ့အမျိုးအစားပေါင်း ၂၇ ခုနှင့် ပါရဂူဘွဲ့အမျိုးအစား ပေါင်း ၃၄ ခု တို့ကို တိုးချဲ့ဖွင့်လှစ်ပေးနိုင်ပြီးဖြစ်ကြောင်း၊ ထို့သို့ တိုးမြှင့်ဖွင့်လှစ် ပေးခဲ့သည့်အတွက် ယခုအချိန်အထိ ဆေးပညာဘွဲ့ရရှိသူ ၄၈၄၅ ဦး၊ သွားဘက် ဆိုင်ရာ ဆေးပညာဘွဲ့ရရှိသူ ၈၉ ဦး၊ ဒီပလိုမာဘွဲ့ရရှိသူ ၅၉၀ ဦး၊ ဆေးပညာ မဟာသိပ္ပံဘွဲ့ရရှိသူ ၂၇၈၂ ဦး၊ သွားဘက် ဆိုင်ရာ မဟာသိပ္ပံဘွဲ့ရရှိသူ ၅၀ ဦးနှင့် ပါရဂူဘွဲ့ရရှိသူ ၄၂၁ ဦးရှိခဲ့သည်ကို တွေ့ရှိရ ကြောင်း၊ ထို့အပြင် နိုင်ငံတကာ တက္ကသိုလ်များသို့ စေလွှတ်ပြီး အဆင့်မြင့်ဆေးပညာ များကို လေ့လာသင်ကြား စေခဲ့ရာ နိုင်ငံတကာတက္ကသိုလ်များမှ ဆေးပညာမဟာသိပ္ပံဘွဲ့ ရရှိသူ ၄၀ ဦး၊ ပါရဂူဘွဲ့ရရှိသူ ၂၄ ဦးနှင့် တော်ဝင်သမားတော်ဘွဲ့ရရှိသူ ၂၂၇ ဦးတို့ ရှိခဲ့ သည်ကို တွေ့ရမှာဖြစ်ကြောင်း။

တပ်မတော်ဆေးတက္ကသိုလ်နည်းတူ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်တွင်လည်း သူနာပြုနှင့် ဆေးဘက်ဆိုင်ရာဒီပလိုမာသင်တန်း ၇  မျိုး၊ သူနာပြု နှင့် ဆေးဘက်ဆိုင်ရာ ဘွဲ့လွန်သင်တန်းအမျိုးအစား ၆ ခုနှင့် ပါရဂူ သင်တန်းအမျိုးအစား  ၃ ခုတို့ကို တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း၊ ထိုသို့ ဖွင့်လှစ် ပေးနိုင်ခဲ့သည့်အတွက် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်မှ သူနာပြုနှင့် ကျွမ်းကျင်သူ စုစုပေါင်း ၄၁၅၈ ဦး၊ ဘွဲ့လွန်ဒီပလိုမာရရှိသူ ၅၂၆ ဦး၊ မဟာဘွဲ့ရရှိသူ ၆၄၁ ဦးနှင့် ပါရဂူ ဘွဲ့ ရရှိသူ ၃၀ ဦး ရှိခဲ့သည်ကို တွေ့ရှိရကြောင်း၊ ၎င်းအပြင် သူနာပြုနှင့် ကျွမ်းကျင်သူများကို နိုင်ငံတကာသို့ စေလွှတ်ပြီး ပညာသင်စေခဲ့ရာ နိုင်ငံတကာတက္ကသိုလ်များမှ မဟာဘွဲ့  ရရှိသူ ၅ ဦးနှင့် ပါရဂူဘွဲ့ ရရှိသူ ၂ ဦးရှိခဲ့သည်ကိုလည်း တွေ့ရှိရကြောင်း။

တက္ကသိုလ်ကြီးများက သင်တန်းသားများ ၊ ကျောင်းဆင်းအရာရှိများကို အမှတ် (၁)တပ်မတော်ဆေးရုံ(ခုတင်-၇၀၀)အပါအဝင် တပ်မတော်ဆေးရုံကြီးများတွင် လက်တွေ့ဆေးပညာ ဆက်လက်သင်ကြားပြီး ပြုစုပျိုးထောင်ပေးနေခြင်းကြောင့် ခေတ်မီတပ်မတော်(Standart Army) တည်ဆောက်ရေးအတွက် အရေးကြီး ဆုံးဖြစ် သည့်  ဆေးဘက်ပညာပိုင်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များကို ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်သကဲ့သို့  မြန်မာပြည်သူပြည်သားတို့အတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ပေးရာတွင်လည်း များစွာ အထောက်အကူပြု လျက်ရှိသည်ဟု ဆိုရမှာဖြစ်ကြောင်း။

ကမ္ဘာပေါ်တွင် ကူးစက်နိုင်သော ရောဂါများနှင့် မကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားလျက်ရှိရာ မကူးစက်နိုင်သော ရောဂါများတွင် ကင်ဆာရောဂါသည် အဖြစ် အများ ဆုံး ရောဂါတစ်ခုပင်ဖြစ်ကြောင်း၊ ကင်ဆာရောဂါလူနာများ၏ ၆၀ ရာခိုင်နှုန်း ခန့်သည် ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံယူနိုင်ရန် လိုအပ်ပါကြောင်း။

ကင်ဆာလူနာများအတွက်  ဓာတ်ရောင်ခြည်ကုသမှုလိုအပ်ချက်သည် တစတစ များပြားလာသည့်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူချိန်မှစပြီး Linear Accelerator (LA) ဟု ခေါ်သည့် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါ ကုသစက်ကြီးများ နှင့် ခေတ်မီကုသရေး အဆောက်အဦများကို တပ်မတော်ဆေးရုံကြီးများတွင် တိုးချဲ့ ဆောက်လုပ်တပ်ဆင်ပေးခဲ့ရာမှ  ယခင်က အမှတ်(၂)တပ်မတော်ဆေးရုံ(ခုတင်-၅၀၀) (ရန်ကုန်)နှင့် အမှတ်(၂)တပ်မတော်ဆေးရုံ(ခုတင်-၇၀၀)(အောင်ပန်း)တို့၌သာ ဓာတ် ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသစက်ကြီးများ ကုသရာမှ ယခုအခါတွင် အမှတ်(၁) တပ်မတော်ဆေးရုံ(ခုတင်-၇၀၀) (ပြင်ဦးလွင်)မှာပင်  ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရော ဂါကုသစက်ကြီးများကို တပ်ဆင်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါစက် သစ်ကြီးများ ရှိလာသည့်အတွက် မြန်မာပြည်အထက်ပိုင်းတွင်ရှိသည့် တပ်မတော် သားများ ၊ မိသားစုဝင်များနှင့် ပြည်သူများအတွက် အားကိုးအားထား ပြုရမည့် ကင်ဆာကုသပေးရာ ဌာနတစ်ခုဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း။

ထို့အပြင် နေပြည်တော်တွင် ရှိသည့် အမှတ်(၂)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀) တွင်လည်း Cyberknife ဟုခေါ်သည့် အဆင့်မြင့်ဓာတ်ရောင်ခြည် ကုသစက် ၁ လုံး ရှိနေသည့်အတွက် ယနေ့အခါ တပ်မတော်ဆေးရုံကြီး ၄ ရုံတွင် ကင်ဆာရောဂါ ဝေဒနာရှင်များကို ခွဲစိတ်ခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ ကင်ဆာဆေးများဖြင့် ကုသခြင်းအစရှိသည့် ပြီးပြည့်စုံသော ကင်ဆာကုသမှုများကို ပြုလုပ်ပေးနိုင်တော့ မှာဖြစ်ကြောင်း၊  ကင်ဆာရောဂါကုသမှုလုပ်ငန်းများသည် သုတေသန လုပ်ငန်းများ နှင့် ယှဉ်တွဲလုပ်ဆောင် ရခြင်းဖြစ်သည့်အတွက် တပ်မတော်ဆေးရုံကြီး ၄ ရုံမှ ကင်ဆာ သုတေသနာ အချက်အလက်များကို အမြဲလေ့လာသုံးသပ်နေရန် လိုကြောင်း၊ ထို့အပြင် ကျန်းမာရေးဝန်ကြီးဌာနက ပြုလုပ်ထားသည့် ကင်ဆာသုတေ သန အချက်အလက်များ နှင့် ပေါင်းစပ်လိုက်ပါက တစ်မျိုးသားလုံး၏ ကင်ဆာရောဂါ နှင့် ပတ်သက်သည့် သုတေသန အချက် အလက်များ ပိုမိုပြည့်စုံစွာ‌ သိရှိလာနိုင် မှာဖြစ်ကြောင်း၊ ထို့မှတစ်ဆင့် မြန်မာနိုင်ငံသားများ၏ ကင်ဆာရောဂါနှင့် ပတ်သက် သည့် ရောဂါကြိုတင်ရှာဖွေရေး၊ ကုသရေး၊ ကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်လာမှာဖြစ် ကြောင်း။

နိုင်ငံတကာတွင်လည်း ကျန်းမာရေးနှင့်ပတ်သက်၍ သုတေသန ရလဒ်များ သည် နှစ်စဉ်တိုးတက်နေခြင်း၊ တွေ့ရှိနေရသည့်အတွက် နိုင်ငံတကာအဖွဲ့အစည်းများ နှင့် စဉ်ဆက်မပြတ် ထိတွေ့၍ အတွေ့အကြုံဖလှယ်ပြီး မိမိနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုများ ပိုမိုတိုးတက်စေရေးကို ဆောင်ရွက်သွားကြရန်လိုကြောင်း။

ဆေးဝန်ထမ်းတပ်ဖွဲ့များသည်  ပြည်သူလူထုအကျိုးပြု ဆေးကုသမှုလုပ်ငန်း များကို သာမန်အချိန်များတွင်သာမက သဘာဝဘေးအန္တရာယ်များ ကျရောက်သည့် အချိန်များတွင်လည်း ရှေ့တန်းက တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရမှာဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် နာဂစ်ဆိုင်းကလုန်း မုန်တိုင်းတွင် အထူးဆေးကုသအဖွဲ့ ၅ ဖွဲ့ သည် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး များတွင် စုစုပေါင်းလူနာ ၄၁၀၆၃ ဦးကို ပြုစုကုသပေးနိုင်ခဲ့ကြောင်း၊ အလားတူ ၂၀၁၀ ပြည့်နှစ်တွင် ဖြစ်ပွားခဲ့သည့် ဂီရီဆိုင်ကလုန်းမုန်တိုင်းတွင်လည်း အထူးဆေးကုသအဖွဲ့ ၃ ဖွဲ့သည် ရခိုင်ပြည်နယ်တွင် စုစုပေါင်းလူနာ ၃၆၉၄ ဦးကို ဆေးကုသမှုများ ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း၊ ထို့အပြင် ၂၀၁၁ ၊ ၂၀၁၅၊ ၂၀၁၆ ၊ ၂၀၁၈ နှင့် ၂၀၂၀ ပြည့်နှစ်များတွင် ဖြစ်ပွားခဲ့သည့် ရေဘေးအန္တရာယ်များတွင်လည်း အထူးကုဆေးအဖွဲ့ ၄၃ ဖွဲ့သည် ရေဘေးသင့်လူနာစုစုပေါင်း ၅၇၆၀၉ ဦးကို ကျန်းမာရေးစောင့် ရှောက်မှု ပေးနိုင်ခဲ့ ကြောင်း။

ယခုနှစ်အတွင်း မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ ရခိုင်ပြည် နယ်ရှိ မြို့နယ်(၈)မြို့နယ်တွင် ဆေးဝန်ထမ်းတပ်ဖွဲ့မှ အထူးဆေးကုသအဖွဲ့ ၂ ဖွဲ့နှင့် ကူညီ ကယ်ဆယ်ရေးဆေးအဖွဲ့ ၁၀ ဖွဲ့ စေလွှတ်ပြီး ဒေသခံပြည်သူလူထု စုစုပေါင်း ၂၈၃၄၉ ဦး အတွက် ဆေးကုသမှုနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို အားကြိုး မာန်တက်ဆောင်ရွက်ပေးခဲ့ကြကြောင်း၊ ဆေးဝန်ထမ်းတပ်ဖွဲ့အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနိုင်ရန်အတွက် နယ်လှည့်ဆေးကုသရေးလုပ်ငန်းများကို ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လာခဲ့သည်ကို တွေ့ရမှာ ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်နိုင်ရန်အတွက် တပ်မတော်အနေဖြင့် ရွှေ့လျား ဆေးကုသယာဉ် ၆ စီး၊ အထူးစမ်းသပ်စစ်ဆေး သည့် ဓာတ်ခွဲခန်းယာဉ် ၁ စီး၊ ပင်လယ်သွားဆေးရုံရေယာဉ် ၁ စီးနှင့် မြစ်တွင်းသွား ဆေးရုံရေယာဉ် ၁ စီးတို့ကို ဝယ်ယူဖြည့်တင်းပေးထားခဲ့ကြောင်း။

ထို့အပြင် ဆေးဝန်ထမ်းတပ်ဖွဲ့သည် ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလများတွင်လည်း ပြည်သူများအတွက် စွမ်းစွမ်းတမံ ဆောင်ရွက် နိုင်ခဲ့ကြောင်း၊ အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင်-၇၀၀)တွင် မန္တလေးတိုင်းဒေသကြီး အတွင်းတွင် ရှိသည့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် လူနာများကို အစွမ်းကုန် ပြုစုကုသ ပေးခဲ့သည့်အပြင် ခေတ်မီရောဂါရှာဖွေရေး နည်းလမ်းတစ်ခုဖြစ်သည့် PCR နည်းဖြင့် ကိုဗစ်-၁၉ ရောဂါရှာဖွေခြင်းတို့ကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့သည်ကို တွေ့ရှိရမှာဖြစ် ကြောင်း၊ ၎င်းအပြင် ရောဂါကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးလုပ်ငန်းစဉ်များ တွင်လည်း ရှေ့တန်းက ပါဝင်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဂုဏ်ပြုမှတ်တမ်းတင် ကြောင်းကို ပြောကြားလိုပါကြောင်း။

ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် ပြည်သူအကျိုးပြုဆေးကုသမှုများ ဆောင် ရွက်ရာတွင် ဝေးလံခေါင်ဖျားဒေသများဖြစ်သည့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများကိုလည်း သွားရောက်တာဝန်ထမ်းဆောင်ခဲ့ကြကြောင်း၊ ၂၀၁၆ ခုနှစ်မှစပြီး ပါရဂူများ ၊ ဆေးမှူးအရာရှိများကို ၄ ကြိမ်တိုင်တိုင် စေလွှတ်ခဲ့ရာ ယခု စတုတ္တအကြိမ်မြောက်တွင် ပါရဂူ/ဆေးမှူး ၁၈ ဦးသည် တိုင်းရင်းသား ညီအစ်ကိုများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဦးလှည့်မသုန် ဆောင်ရွက်လျက်ရှိကြောင်း၊ ပထမအကြိမ်စေလွှတ်ခဲ့ချိန်တွင် ဒေသခံပြည်သူလူထု ၂၀၂၃၃၂ ဦး၊ ဒုတိယအကြိမ်တွင် ၁၇၁၀၈၄ ဦးနှင့် တတိယအကြိမ်တွင် ၉၃၆၀၀ ဦး၊ စုစုပေါင်း ၄၆၇၀၁၆ ဦးတို့ကို ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနိုင်ခဲ့ကြောင်း၊ ၎င်းသည် မိမိတို့တပ်မတော်၏ တိုင်းရင်းသား ပြည်သူ များ၏ အရေးနှင့်ပတ်သက်၍ အစဉ်အမြဲ ဦးထိပ်ထားဆောင်ရွက်ပေးနေခြင်းကို ဖော်ပြနေခြင်းပင်ဖြစ်ကြောင်း။

အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင်-၇၀၀)တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် နှစ်ပေါင်း(၁၀၀)ကာလအတွင်း တပ်မတော်မှ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့်အတွက် တပ်မတော်ရွှေရတုတံဆိပ်ရရှိသူ ၃၁ ဦး၊ တပ်မတော်စိန်ရတုတံဆိပ်ရရှိသူ ၁၁၂ ဦးရှိခဲ့သည်ကို တွေ့ရှိရကြောင်း၊ ၎င်းအပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ချီးမြှင့်သည့် ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ၃ ဦး နှင့် သူရဲကောင်းလက်မှတ်ရရှိသူ ၁ ဦးရှိခဲ့သည်ကိုလည်း တွေ့ရှိရကြောင်း။

ထို့ကြောင့် နိုင်ငံတော်၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတစ်လျှောက်နှင့် နိုင်ငံတော် တည်ဆောက်ရေးကာလတစ်လျှောက်တွင်လည်းကောင်း၊ တပ်မတော်သား များနှင့် မိသားစုဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှု၊ ကာကွယ်ကုသမှုများကို ဆောင်ရွက် ရာတွင်လည်းကောင်း၊ နှစ်ပေါင်း(၁၀၀)ကာလအတွင်းတွင် စွမ်းစွမ်းတမံ ထမ်းဆောင် ခဲ့ကြသည့် အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင်-၇၀၀)မှ ပါရဂူ၊ ဆေးမှူး၊ သူနာပြု/ကျွမ်းကျင်သူများနှင့် စစ်သည်များအားလုံးကို ဂုဏ်ပြုအသိအမှတ်ပြု ပါကြောင်း အလေးထားပြောကြားလိုပါကြောင်း။

အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင်-၇၀၀) သည် နှစ်ပေါင်း(၁၀၀)သက်တမ်း ပြည့် မြောက်ခဲ့ပြီးဖြစ်ကြောင်း၊ ထိုနှစ်ပေါင်း(၁၀၀)ကာလ တစ်လျှောက်တွင် ဆေးရုံကြီး တွင်ရှိသည့် ပါရဂူ၊ ဆေးမှူး၊ သူနာပြုနှင့်ကျွမ်းကျင်သူ ဆေးဝန်ထမ်း တပ်ဖွဲ့ဝင် များသည် တိုင်းပြည်နှင့်လူမျိုးအကျိုး၊ တပ်မတော်အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြကြောင်း၊ ဆေးရုံတွင်ရှိသည့် နှစ်(၁၀၀)သက်တမ်းရှိသည့် သမိုင်းဝင် အဆောက်အဦများ ကို ဆက်လက်ထိန်းသိမ်းထားရှိသည်နည်းတူ ဆေးပညာ ရပ်ဆိုင်ရာများကိုလည်း အမြဲတစေ ခေတ်မီတိုးတက်သော နည်းပညာများ အသုံးပြုနိုင်အောင် အားထုတ်ကြိုးပမ်း ကြရမှာဖြစ်ကြောင်း၊ ထို့အတူပင် အကြိမ် (၃၀)မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ် ဆိုင်ရာ နှီးနှောဖလှယ်ပွဲမှ တင်ပြဆွေးနွေးကြမည့် ဆေးဘက်ဆိုင်ရာ  သုတေသန တွေ့ရှိချက်များကို လက်တွေ့နယ်ပယ်တွင် ပြန်လည်အသုံးချနိုင်အောင် ကြိုးစားသွားရ မှာဖြစ်ကြောင်း၊ ဆေးတပ်ဖွဲ့ဝင်များအနေဖြင့် ယခုလို အစဉ်အလာကောင်းများကို လက်ဆင့်ကမ်းထိန်းသိမ်းရင်း ပြည်သူများ၏ ကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းများ၊ တပ်မတော်သားများနှင့် မိသားစုများ၏ ဆေးအကာအကွယ်ပေးရေးလုပ်ငန်းများတွင် ယခုထက်ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ပါစေကြောင်းနှင့် အမှတ်(၁)တပ်မတော် ဆေးရုံ(ခုတင်-၇၀၀)၏ နှစ်(၁၀၀)ပြည့်ကာလမှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ဆက်လက်တည်တံ့ပါစေကြောင်းကိုဆုမွန်ကောင်းပို့သပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က အမှတ်(၁) တပ်မတော်ဆေးရုံ(ခုတင်-၇၀၀)၊ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ဆုရရှိသည့် အရာရှိ ၁ ဦးအား လည်းကောင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး က နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ဆုရရှိသည့် စစ်သည် ၁ ဦးအား   လည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင်-၇၀၀)၊ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် မှတ်တမ်းရုပ်သံ Video ကို ပြသပြီး နိုင်ငံကျော် အနုပညာရှင်များနှင့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။  

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ထံ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး က နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်လက်ဆောင်ကို ဂါရဝပြု ပေးအပ် သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က တက်ရောက်လာ ကြသည့် အငြိမ်းစား ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားပြီး တက်ရောက်လာကြသူများနှင့်အတူ အကြိမ်(၃၀)မြောက် မြန်မာ့ တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ပိုစတာများ၊ ဆေးနှင့်ဆေး ပစ္စည်းပြခန်းများနှင့် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ပြခန်းများအတွင်း လှည့်လည် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။