ပုသိမ်မြို့နှင့် ငပုတောမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၌ တက်ရောက် ကုသမှုခံယူနေသူ များအား ကြည့်ရှုအားပေး၊ ဆေးရုံဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ပြင်ပပေါက်ဈေးထက်သက်သာသောဈေးနှုန်းများဖြင့် ဆန်၊ ဆီ၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များအား ရောင်းချ

ပုသိမ်မြို့နှင့် ငပုတောမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၌ တက်ရောက် ကုသမှုခံယူနေသူ များအား ကြည့်ရှုအားပေး၊ ဆေးရုံဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ပြင်ပပေါက်ဈေးထက်သက်သာသောဈေးနှုန်းများဖြင့် ဆန်၊ ဆီ၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များအား ရောင်းချ

နေပြည်တော်၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ - ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပြည်သူ့ဆေးရုံကြီးနှင့် ငပုတောမြို့ရှိ ပြည်သူ့ဆေးရုံတို့၌ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသော ဒေသခံပြည်သူများ အား ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့် တာဝန်ရှိသူများ က သွားရောက်တွေ့ဆုံ၍ တစ်ဦးချင်း၏ရောဂါ ဖြစ်ပွားမှုများ၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအခြေအနေများအား ရင်းရင်းနှီးနှီးမေးမြန်းအားပေး စကားပြောကြားပြီး အာဟာရဖြည့်စားသောက် ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ကာ ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ထို့ပြင် အဆိုပါ ဆေးရုံကြီးရှိဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်နှင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့်ဝယ်ယူ စားသောက်နိုင်ရေးအတွက် နယ်မြေခံတပ်မတော်သားများက ဆန်၊ ဆီ၊ ဆား၊ အသား/ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များနှင့် တပ်မတော်စက်ရုံများ နှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်းတို့မှ ထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊ ဘီစကွတ် နှင့် ဆီသွပ်ဗူးများအား ပြင်ပပေါက်ဈေးထက်သက်သာသောဈေးနှုန်းများဖြင့်ရောင်းချ ပေးနေမှုများအားလည်းကောင်း၊ တိုင်းဒေသကြီးဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ဆန်ကုန်သည်များအသင်း၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းများမှ ဆန်နှင့်ဆီ များအား ပြင်ပပေါက်ဈေးထက်သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးနေမှုများ အားလည်းကောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။