ပြည်ထောင်စုနယ်မြေ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက်ရောက်

ပြည်ထောင်စုနယ်မြေ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက်ရောက်

 

နေပြည်တော် အောက်တိုဘာ ၅

    ပြည်ထောင်စုနယ်မြေ   နေပြည်တော် ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားကို     ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက  မြတ်ဆရာတေးသီချင်းဖြင့် ဂုဏ်ပြုသီဆို ဖွင့်လှစ်ပေးကြသည်။

ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဖတ်ကြားသည်။

ယင်းနောက် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့ငါးဖွဲ့၏   အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်း သဝဏ်လွှာကို နေပြည်တော် ပညာရေးမှူးရုံး    ညွှန်ကြားရေးမှူး ဒေါက်တာကျော်လွင်က ဖတ်ကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များက ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများတွင်    ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်သည်။

ယင်းနောက် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ခွင့်လွှတ်ပါ ဆရာတေးသီချင်းဖြင့်    တေးသရုပ်ဖော် တင်ဆက်ကြသည်။

ထို့နောက် နေပြည်တော်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဒေါက်တာကျော်လွင်က ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၁၄)အခြေခံပညာ အထက်တန်းကျောင်းတို့မှ ဖျော်ဖြေကြသည့် ကျောင်းသား၊ ကျောင်းသူများအား   ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့ကြောင်း သိရသည်။