တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ဝတ်စုံပြည့် အစမ်းလေ့ကျင့်နေမှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ကြ

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ဝတ်စုံပြည့် အစမ်းလေ့ကျင့်နေမှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  အောက်တိုဘာ  ၁၃

    တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ  အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည်  ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန -၂ (MICC-2)၌ ကျင်းပသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ဝတ်စုံပြည့်အစမ်း လေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

    တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်   အခမ်းအနားဖွင့်လှစ်မှု၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊  ပြန်ကြားရေးဝန်ကြီးဌာနနှင့်  တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနတို့မှ ပြခန်းများခင်းကျင်းပြသထားမှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ အကအဖွဲ့များ ကပြဖျော်ဖြေမှုများ အပါအဝင် နှစ်ပတ်လည်နေ့ အခမ်းအနား အစီအစဉ်အလိုက် ဝတ်စုံပြည့် အစမ်းလေ့ကျင့် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို  အောက်တိုဘာလ ၁၅ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ (MICC-2) ၌ နိုင်ငံရေး အနှစ်သာရရှိရှိ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။