ထီဈေးနှုန်းထိန်းညှိရန် ထီလက်မှတ် ၁၁ စောင်လျှင် ငွေကျပ်တစ်သောင်းဖြင့် အရန်ထီထုတ်ရောင်းချပေး

ရန်ကုန်၊ အောင်ဘာလေထီ

ထီဈေးနှုန်းများထိန်းညှိရန်အတွက် ထီ လက်မှတ် ၁၁ စောင်လျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် ဈေးကွက် အတွင်းအရန် ထီအက္ခရာတစ်လုံးကို ဖြန့်ဖြူးရောင်းချ ခြင်းဖြစ်ကြောင်း အောင်ဘာလေသိန်းဆု ဌာနခွဲ (ရန်ကုန်) မှ သိရသည်။

ထီဈေးကွက်အတွင်း ဈေးကစားခြင်း၊ ဈေးနှုန်းမတည်ငြိမ်ခြင်းကို ထိန်းညှိနိုင်ရန် ယခု ဒီဇင်ဘာ ၁  ရက်တွင် ဖွင့်လှစ်မည့် (၂၂) ကြိမ်မြောက်ထီဖွင့်ပွဲအတွက် အက္ခရာ အလုံး ၄၀ ကို  ရောင်းချပေးခဲ့ပြီး နောက်ထပ် ထီအက္ခရာတစ်လုံးကို ၁၁ စောင်လျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် ရောင်းချခြင်း ဖြစ်ကြောင်း၊ ထီအက္ခရာ  တစ်လုံးလျှင် ထီလက်မှတ်အစောင်ရေ ၈၈၀၀၀၀ ကျော် ရှိပြီး  ယင်းထီလက်မှတ်များ ဈေးကွက်အတွင်း ထပ်မံဖြန့်ဖြူးပေးခြင်းဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလတွင် ဈေးကစားမှုများကြောင့် ထီလက်မှတ်ဈေးနှုန်း အနည်းငယ်တက်လာ၍ အရန်ထီထုတ် ရောင်းရခြင်းဖြစ်နိုင်ပြီး အဆိုပါအရန်ထီအက္ခရာတစ်လုံးကို နိုဝင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် လျှောက်ထားဝယ်ယူရခြင်းဖြစ်ကာ ထီကိုယ်စားလှယ်အများစုသာမက  ထီထိုးသူ ပြည်သူတစ်ဦးချင်းကလည်း ဝယ်ယူရရှိကြောင်း၊ ဝယ်ယူသူအများစုမှာလည်း ထီကိုယ်စားလှယ်အများစုကသာ ကြိုတင် လျှောက်ထားရ ယူကာ ဈေးကွက်၌ ထီလက်မှတ်တစ်စောင်လျှင် ငွေကျပ် ၁၀၀၀  နှုန်းဖြင့် ပြန်လည်ရောင်းချပေးခြင်းဖြစ် ကြောင်း ထီရောင်းချသည့် အရောင်းကိုယ် စားလှယ်တစ်ဦးကပြောသည်။

ဇွန်သီတာ