ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၁၅၆၀ ဦးထပ်တိုး

နေပြည်တော်  နိုဝင်ဘာ  ၁၉

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ         ၁၅၆၀ ဦးနှင့် သေဆုံးသူ ၂၆ ဦးရှိကြောင်း သိရသည်။

(၁၈-၁၁-၂၀၂၀)ရက် ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲ အတည်ပြုလူနာ ၁၅၉၂ ဦး၏ မြို့နယ်အလိုက်တွေ့ရှိရမှု အခြေအနေကို ယနေ့ညနေ ၄ နာရီခွဲတွင် သတင်းထုတ်ပြန်ခဲ့သည်။

(၁၈-၁၁-၂၀၂၀)ရက် ည ၈ နာရီမှ (၁၉-၁၁-၂၀၂၀)ရက် ည ၈ နာရီအတွင်း  ဓာတ်ခွဲနမူနာစုစုပေါင်း ၁၇၉၅၄ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၁၅၆၀ ဦး တွေ့ရှိရကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။