ဖိုင်ဇာနှင့် မိုဒန်နာကုမ္ပဏီတို့ကထုတ်လုပ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများစိတ်ချရဟု အန်သိုနီဖောင်ချီပြော

ဝါရှင်တန်၊ ကျန်းမာရေး

အမေရိကန်ပြည်ထောင်စု၌ လက်ရှိ စမ်းသပ်လျက်ရှိသည့်  ဖိုင်ဇာနှင့်မိုဒန်နာ ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးနှစ်မျိုးမှာယုံကြည်စိတ်ချရမှုရှိကြောင်း  အမေရိကန်ကူးစက်ရောဂါထိပ်တန်း တာဝန်ရှိသူ အန်သိုနီဖောင်ချီက နိုဝင်ဘာ ၁၉ ရက်တွင်ပြောသည်။

ဖိုင်ဇာနှင့်မိုဒန်နာကုမ္ပဏီတို့က ၎င်းတို့၏ ကာကွယ်ဆေးများကို လက်တွေ့စမ်း သပ်မှုအောင်မြင်စွာ လုပ်ဆောင် နိုင်ကြောင်း ထုတ်ပြန်ပြီးနောက် အဆိုပါကာကွယ်ဆေး နှစ်မျိုးနှင့်ပတ်သက်၍ ပြည်သူများက စိုးရိမ်မှု များ ရှိနေစဉ် အန်သိုနီဖောင်ချီက ယခုကဲ့သို့ပြောခြင်းဖြစ်သည်။

ထိုကာကွယ်ဆေးများကို    အချိန်တို အတွင်းထုတ်လုပ်နိုင်ခြင်းသည် အလွန်တိုး တက်သော သိပ္ပံပညာရပ်ကို ဖော်ညွှန်းနေခြင်း သာဖြစ်ပြီး ကာကွယ်ဆေးများ၏ စိတ်ချရမှု နှင့်ပတ်သက်၍ ယုံမှားသံသယမဖြစ်သင့်ကြောင်း ၎င်း က ဆက်ပြောသည်။

အလားတူ အဆိုပါကာကွယ်ဆေးများ ထုတ်လုပ်မှုတွင်  မည်သည့်အစိုးရအဖွဲ့ အစည်း၊ လူပုဂ္ဂိုလ်တို့ကို ကိုယ်စားပြုခြင်း မရှိဘဲ သီးသန့်လွတ်လပ်စွာ ဆောင်ရွက်စေခြင်းဖြစ်ကြောင်း    အန်သိုနီဖောင်ချီကဆိုသည်။

လက်ရှိရရှိထားသည့် လက်တွေ့စမ်း သပ်မှုရလဒ်များသည် အလွန်ခိုင်မာသော် လည်း နောက်တစ်ဆင့်အနေဖြင့် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန က အသေးစိတ်စစ်ဆေးရန်လိုအပ်ကြောင်း သိရသည်။