အင်ဒိုနီးရှား၌ ပလတ်စတစ်ရေဘူးအတွင်း ထည့်သွင်းသယ်ဆောင်ခံရသည့်ကြက်တူရွေးများကိုတွေ့ရှိ

ဖက်ဖက်၊ မှောင်ခို

အင်ဒိုနီးရှားနိုင်ငံ   ပါပူအာဒေသရှိ သင်္ဘောကျင်းတစ်ခု၌ ပလတ်စတစ်ရေဘူး များအတွင်းထည့်သွင်းကာ မှောင်ခိုသယ် ဆောင်ခံရသည့် ကြက်တူရွေးအကောင်ရေ ဒါဇင်ပေါင်းများစွာကို ရှာဖွေတွေ့ရှိကြောင်း တာဝန်ရှိသူများက နိုဝင်ဘာ ၂ဝ ရက်တွင် ပြောသည်။

ရေယာဉ်ဝန်ထမ်းများသည် ရေယာဉ် ပေါ်ရှိကြီးမားသောသေတ္တာအတွင်းမှ ဆူညံနေသောအသံများကြားရသဖြင့် ထိုအထဲ တွင် တိရစ္ဆာန်များရှိနေသည်ဟုသံသယရှိ သည့်အတွက် ရဲတပ်ဖွဲ့သို့အကြောင်းကြား လိုက်ခြင်းဖြစ်သည်။

ထို့နောက် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုရာ    သေတ္တာအတွင်းမှ  ကြက်တူရွေးအရှင် ၆၄ ကောင်နှင့် အသေ ၁ဝ ကောင်ကိုတွေ့ရှိသည်။

အဆိုပါကြက်တူရွေးမျိုးစိတ်သည် နယူးဂီနီနှင့် အနီးရှိကျွန်းစုများ၌ ကျက်စားသည့် ကြက်တူရွေး   မျိုးစိတ်များ ဖြစ်ကြောင်း သိရသည်။

ကြက်တူရွေးများကို မည်သည့်နေရာသို့ ပို့ဆောင်မည်ကို ရှင်းရှင်းလင်းလင်းမသိရ သေးကြောင်း ရဲတပ်ဖွဲ့မှပြောရေးဆိုခွင့်ရှိသူ ဒိုဒီဂျုနာဒီကပြောသည်။

အင်ဒိုနီးရှားရှိ တောကြီးအတွင်း၌ ငှက်မျိုးစိတ်ပေါင်း ၁၃ဝ ကျော်နေထိုင် ကျက်စားကြောင်းနှင့် အဆိုပါ ငှက်များ သည် လူသားများ၏ ဖမ်းဆီး ရောင်းချမှုအန္တရာယ် နှင့်ကြုံတွေ့နေရကြောင်း တောရိုင်းတိရစ္ဆာန် ကူးသန်း ရောင်းဝယ်မှုကို လေ့လာစောင့် ကြည့်သည့် အဖွဲ့ကပြောသည်။

၂ဝ၁၇ ခုနှစ်ကလည်း အင်ဒိုနီးရှား တာဝန်ရှိသူများသည် တိုင်းတစ်ပါးမှလာ သည့် ငှက် ၁၂၅ ကောင်ကို ရေဆင်းပိုက် များအတွင်းထည့်သွင်းမှောင်ခိုကူးမှုကိုဖမ်းဆီး နိုင်ခဲ့ကြောင်းသိရသည်။