တိုကျို၊ ကျန်းမာရေး
ဂျပန်နိုင်ငံ၌ ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း ကင်ဆာရောဂါတွေ့ရှိပြီး ထိုရောဂါဖြင့်ပင် ၁၀ နှစ်ကြာ အသက်ရှင်သူနှုန်းမှာ ၅၈ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ထိုပမာဏသည် ပြီးခဲ့သည့်စစ်တမ်းထက် ၁ ဒသမ ၁ ရာခိုင်နှုန်း တိုးမြင့်လာခြင်းဖြစ်ကြောင်း အမျိုးသား ကင်ဆာဌာန၏ လေ့လာချက်တွင် ဖော်ပြထားသည်။
အသက်ရှင်နိုင်မှုနှုန်းမှာ ကုသမှုတိုးတက်လာခြင်းအပေါ် မမူတည်သော်လည်း နိုင်ငံတစ်ဝန်း၌ အထွေထွေ ကုသမှုများရရှိနိုင်သည့်အခြေအနေနှင့် ဆက်စပ်နေကြောင်း လေ့လာမှုပြုလုပ်ခဲ့သော ချီဘာကင်ဆာဌာန သုတေသနအဖွဲ့ ခေါင်းဆောင် ဟာရူအိုမီကာမီကပြောသည်။
ဂျပန်နိုင်ငံရှိ ကင်ဆာရောဂါကုသရေးဌာနများဖြစ်သော ဆေးရုံ ၂၁ ရုံ၌ ဆေးဝါးကုသမှုခံယူနေသော ကင်ဆာ ဝေဒနာရှင် ၉၄၀၀၀ နီးပါးကို ၁၀ နှစ်ကြာစစ်တမ်းကောက်ယူခဲ့သည်။ ယခင်စစ်တမ်းကောက်ယူမှုကို ၂၀၀၃ ခုနှစ်မှ ၂၀၀၆ ခုနှစ်ကြားတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ကင်ဆာအမျိုးအစားအလိုက် အသက်ရှင်သန်နိုင်မှုနှုန်းမှာကွားခြားကြောင်း ဆီးကျိတ်ကင်ဆာဝေဒနရှင်များ၏ ၁၀ နှစ်ကြာ အသက်ရှင်သန်နိုင်မှုနှုန်းမှာ ၉၈ ဒသမ ၈ ရာခိုင်နှုန်းရှိကာ သိုင်းရွိုက်အကျိတ်ကင်ဆာ ဖြစ်ပွားသူများ၏ ၁၀ နှစ်ကြာ အသက်ရှင်သန်နိုင်မှုနှုန်းမှာ ၈၅ ဒသမ ၇ ရာခိုင်နှုန်းရှိသည်။
ပန်ကရိယကင်ဆာဝေဒနာရှင်များမှာမူ ၆ ဒသမ ၂ ရာခိုင်နှုန်း၊ အသည်းကင်ဆာဝေဒနာရှင်များက ၁၆ ဒသမ ၁ ရာခိုင်နှုန်းနှင့် သည်းခြေပြွန်ကင်ဆာဝေဒနာရှင်များက ၁၉ ဒသမ ၁ ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။
၂၀၁၀ မှ ၂၀၁၂ ခုနှစ်ကြား ကင်ဆာရောဂါဝေဒနာရှင်များ၏ ၅ နှစ်ကြာအသက်ရှင်သန်နိုင်မှုနှုန်းမှာ ၆၈ ဒသမ ၆ ရာခိုင်နှုန်းရှိကြောင်းနှင့် ၂၀၀၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်ကြား ကောက်ယူထားသော စစ်တမ်းနှင့်နှိုင်းယှဉ်ပါက ၀ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်လာကြောင်း သိရသည်။
Ref: The Japan Times