မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)၏ သဘောထားထုတ်ပြန်ချက်
(၁၅-၁၁-၂၀၂၃)
KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများသည် နိုဝင်ဘာ ၁၃ ရက်တွင် စစ်ရေးနှင့် သက်ဆိုင်သော ပစ်မှတ်မဟုတ်သည့် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ လွိုင်ကော်တက္ကသိုလ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပြီး တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပညာရေးဆိုင်ရာဝန်ထမ်းများနှင့် ပညာသင်ကြား လျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား အတင်းအဓမ္မ ဖမ်းဆီးခေါ် ဆောင်သွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက်သမားများ၏ လူမဆန်သည့် ယုတ်မာတိုက်ခိုက်မှုဖြစ်ပြီး စစ်ရေးပစ်မှတ်မဟုတ်သည့် ပညာရေးကဏ္ဍကို ပျက်စီးစေသည့် ရည်ရွယ်ချက် ရှိရှိဖြင့် အကြမ်းဖက်တိုက်ခိုက်ခြင်းများဖြစ်၍ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး (ဗဟို)က ပြင်းထန်စွာရှုတ်ချပါကြောင်း သဘော ထားထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)