မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၏ သဘောထားထုတ်ပြန်ချက်
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် လွိုင်ကော်မြို့ရှိ လွိုင်ကော်တက္ကသိုလ်အား KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ် တိုက်ခိုက်ဖျက်ဆီးကာ တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများနှင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ များအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။
အကြမ်းဖက်သမားများအနေဖြင့် ယခုကဲ့သို့ နိုင်ငံ၏အရေးပါသော ပညာရေးကဏ္ဍကို ဖျက်ဆီးခဲ့ခြင်းအတွက် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)က ပြင်းထန်စွာရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်ကြေညာ အပ်ပါသည်။
မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)