ဆိုး၊ ကျန်းမာရေး
တောင်ကိုရီးယားနိုင်ငံ၌ ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုပြန်မြင့်တက်လာသည့်အတွက် တတိယအကျော့ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်ကြိုးပမ်းချက်အနေဖြင့် တာဝန်ရှိသူများက တင်းကျပ် သောစည်းမျဉ်းများကို ပြန်လည်ထုတ်ပြန်လိုက်ကြောင်း သိရသည်။
အဆိုပါ စည်းမျဉ်းများတွင် ဆိုးမြို့နှင့်ဝန်းကျင်ဒေသများရှိ အရက်ဘားများနှင့် နိုက်ကလပ်များကို ပိတ်ရ မည်ဖြစ်ပြီး ဘာသာရေးအရစုဝေးခြင်းကိုလည်း ကန့်သတ်မည်ဖြစ်ကာ စားသောက်ဆိုင်များတွင်လည်း ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက နိုဝင်ဘာ ၂၂ ရက်တွင် ပြောသည်။
နိုဝင်ဘာ ၂၁ ရက်ညထုတ်ပြန်ချက်အရ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အယောက် ၃၃၀ ရှိပြီး ထိုကဲ့သို့ တစ်ရက်အတွင်းရောဂါ ကူးစက်သူအယောက် ၃၀၀ ကျော်သည်မှာ ငါးရက်ဆက် တိုက်ရှိပြီဖြစ်ကြောင်း ကိုရီးယားရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနက ပြောသည်။
နိုင်ငံအတွင်း တတိယအကျော့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုတွင် ရောဂါကူးစက်မှုနှုန်းမှာအလွန်မြင့် တက်လာနိုင်ကြောင်း၊ ထိုအခြေအနေမှာ အလွန်စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ပါ့နောင်ဟိုက သတင်းစာရှင်းလင်းပွဲ တစ်ခု၌ပြောသည်။ လူတစ်ဦးနှင့် တစ်ဦးခပ်ခွာခွာနေထိုင်ခြင်းက ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရေးအတွက် များစွာအထောက်အပံ့ဖြစ်စေကြောင်း ဝန်ကြီးချုပ်ချောင် ဆေးကွမ်က အစိုးရအဖွဲ့ဆွေးနွေးပွဲ တစ်ခုတွင်ပြောသည်။ လက်ရှိဖြစ်ပွားနေသော ရောဂါကူးစက်မှုအခြေ အနေကို မထိန်းချုပ်နိုင်ပါက နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုသည် ပထမအကျော့နှင့် ဒုတိယ အကျော့ထက်ပင်ပိုဆိုးသွားနိုင်ကြောင်း ရောဂါကာကွယ် ထိန်းချုပ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
ယခုကဲ့သို့စည်းမျဉ်းတင်းကျပ်ရခြင်းမှာ ဒီဇင်ဘာ ၃ ရက်တွင်ပြုလုပ်မည့် ကောလိပ်ဝင်ခွင့်စာမေးပွဲ မတိုင်မီ ကျောင်းသားများအန္တရာယ်ကင်းစွာ စာသင်ကြားနိုင်ရေး အတွက်ဖြစ်ကြောင်း သိရသည်။
Ref: CNA