တရားမဝင်ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆိုင်ကယ်အပိုပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

တရားမဝင်ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆိုင်ကယ်အပိုပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော် နိုဝင်ဘာ  ၁၉

    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ ၁၇ ရက်တွင် မြန်မာ့စက်မှု ဆိပ်ကမ်း၌ ကုန်သေတ္တာ ၂၁ လုံးအတွင်းမှ ပိုင်ရှင်မှ ထုတ်ယူလိုသော ဆန္ဒမရှိသည့် ကုန်ပစ္စည်းများဖြစ်သော Textile Materials  အထည်အလိပ်  ၂၀၅၇၈၅ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂၆၄၄၆၆၅)၊ Textile  Fabric   Fiber     ကီလိုဂရမ် ၁၅၅၀၀၀   (ခန့်မှန်းတန်ဖိုး    ငွေကျပ် ၄၇၁၁၁၄၇၅)၊  Trifamox    (ပိုးသတ်ဆေး) ဆေးဝါး ၉၈၀၀ ဘူး အပါအဝင် ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၀၇၂၈၇၈၂)၊ ဂုန်အိတ်နှင့်အိတ်မျိုးစုံ ကုန်ကြမ်းပစ္စည်း ကီလိုဂရမ် (၆၀၇၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၈၃၂၇၉၂၂)၊ ရော်ဘာစေးထုတ်လုပ်ရန် ကုန်ကြမ်းပစ္စည်း ၁၇၉၂၅ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၁၂၄၆၈၅)နှင့် ဓာတုကုန်ကြမ်းပစ္စည်း Polymers Of Ethylene ၄၅၀၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၅၇၆၈၆၀)ကို လည်းကောင်း၊ နိုဝင်ဘာလ ၁၈ ရက်တွင် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေး စခန်း၌ မြဝတီမြို့မှ  ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသော InnoPlus Linear Low Density Polyethylene ၁၀၀၀ ကီလိုဂရမ်၊ CAMEL Motorcycle Tube  ၆၀၀ ခု (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၀၀၀၀၀)၊ Xuemel Monosodium Glutamate  ၁၇၅၀ ကီလိုဂရမ် (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၉၀၀၀၀၀)နှင့်     အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၀၀၀၀၀၀)ကို လည်းကောင်း၊ နိုဝင်ဘာလ ၁၉ ရက်တွင် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Prawn Hornet ဟင်းသီးဟင်းရွက်ဆီ ၁၈ လီတာပါ ၂၁၀ ဘူး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ်   ၅၀၀၀၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၅၇၁၄၃၈၉)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

    သို့ဖြစ်ပါ၍  နိုဝင်ဘာလ ၁၇ ရက်၊ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ဖမ်းဆီးရမိမှု  စုစုပေါင်းမှာ အမှုတွဲ (၁၆)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၆၂၁၄၃၈၉)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။