ပေကျင်း၊ အာကာသ
တရုတ်အစိုးရအနေဖြင့် ၁၉၇၀ ပြည့်လွန်နှစ်နောက်ပိုင်း လပေါ်မှနမူနာများကို ယူဆောင်ရန် ပထမဆုံး ကြိုးပမ်းချက်အဖြစ် လူလိုက်ပါခြင်းမရှိသော အာကာသယာဉ်ကို ယခုသီတင်းပတ်အတွင်းလွှတ်တင်ရန်စီစဉ် ထားကြောင်း သိရသည်။
သိပ္ပံပညာရှင်များအနေဖြင့် လ၏မူလအစဖွဲ့စည်းပုံနှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရေးအတွက် နမူနာပစ္စည်းများ စုဆောင်းရန် Chang'e-5 စူးစမ်းလေ့လာရေးယာဉ်ကို လွှတ်တင်မည်ဖြစ်သည်။
တရုတ်အစိုးရအနေဖြင့် ပိုမိုရှုပ်ထွေးသော အစီအစဉ်များမတိုင်မီ အာကာသမှနမူနာများ အနည်းငယ်မျှ ရရှိနိုင်ရေး အတွက် ထိုလွှတ်တင်မှုကိုပြုလုပ်ခြင်းဖြစ်သည်။
အကယ်၍ ယခုအစီအစဉ်အောင်မြင်ပါက တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နှင့်ရုရှားနိုင်ငံပြီးနောက် လပေါ်မှ နမူနာများကိုယူဆောင်နိုင်သည့် တတိယမြောက်နိုင်ငံဖြစ်လာမည်ဖြစ်သည်။ ထို့ပြင် အဆိုပါ စူးစမ်းလေ့လာ ရေးအာကာသယာဉ်သည် Oceanus Procellarum ဟုခေါ်သော ချော်ရည်လွင်ပြင်ရှိ မည်သူမျှ မရောက်ရှိသေး သောဒေသမှ နမူနာ ၂ ကီလိုဂရမ်ကို သယ်ယူရန်ကြိုးပမ်းမည်ဖြစ်ကြောင်း သိရသည်။
လပေါ်သို့ ပထမဆုံးလူလိုက်ပါသော အမေရိကန်၏ အပိုလိုအစီအစဉ်တွင် ၁၉၆၉ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ အာကာသယာဉ်ခြောက်စင်းဖြင့် အာကာယာဉ်မှူး ၁၂ ဦးကိုပို့ဆောင်ခဲ့ပြီး ကျောက်ခဲနှင့်မြေဆီနမူနာ ၃၈၂ ကီလို ဂရမ်ကို ပြန်လည်သယ်ဆောင်ခဲ့ကြောင်းသိရသည်။
ရုရှားနိုင်ငံကမူ ၁၉၇၀ ပြည့်နှစ်အလွန်ကာလများတွင် လပေါ်သို့စက်ရုပ်ဖြင့် နမူနာသယ်ယူရေး အစီအစဉ် သုံးခုကို အောင်မြင်စွာလွှတ်တင်နိုင်ပြီး နောက်ဆုံးတစ်ခုဖြစ်သည့် Luna24 က ၁၉၇၆ခုနှစ်တွင် Mare Crisium ဒေသမှ နမူနာ ၁၇၀ ဒသမ ၁ ဂရမ်ကိုသယ်ယူနိုင်ခဲ့ကြောင်း သိရသည်။
Ref: TST